China (HongKong)

ရေထွက်ကုန်လုပ်ငန်းများအား ထိခိုက်နိုင်သည့်သေစေနိုင်လောက်သော Decapod iridescent virus 1 ကူးစက်ခြောက်လှန့်မှုကြောင့်တရုတ်နိုင်ငံရှိ ပုစွန်လုပ်ငန်းလုပ်ကိုင်သူများ ကြောက်လန့်လျက်ရှိခြင်း

Last Updated:

Decapod iridescent virus 1  ကူးစက်မှုကြောင့် တရုတ်နိုင်ငံတွင် အဓိက ပုစွန် ထုတ်လုပ်သည့် ကွမ်တုံးပြည်နယ်ရှိပုစွန်လုပ်ငန်းများ လေးပုံတစ်ပုံအပေါ်ထိခိုက်မှုရှိနေကြောင်း၊ ပုစွန်လုပ်ငန်းရှင်များမှလည်း ပုစွန်အား ဗိုင်းရပ်စ်ကူးစက်မှု အနေအထားအား စောင့်ကြည့်လျှက်ရှိကြောင်း၊ သို့ဖြစ်ရာ ကွမ်တုံးပြည်နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူအိမ်ထောင်စု ထောင်ပေါင်းများစွာ၏ လူနေထိုင်မှုဘဝများအား ခြောက်လှန့်လျှက်ရှိကြောင်း၊ Decapod iridescent virus 1 (Div1) မှာ ၂၀၁၄ ခုနှစ်က ပထမဆုံး တွေ့ရှိ ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် နွေဦးရာသီနှင့် ယခုနှစ် ဖေဖေါ်ဝါရီလတွင် ထပ်မံတွေ့ရှိရခြင်းဖြစ်ပြီး ပုစွန်လုပ်ငန်း၏ လေးပုံတစ်ပုံကို ထိခိုက်မည်ဖြစ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လူသားများအား ထိခိုက်မှုရှိနိုင်မည်ကို မသိရှိနိုင်သော်လည်း ကွမ်တုံး ပြည်နယ်ရှိ ပုစွန်လုပ်ငန်းများမှာ ပုစွန်များသေဆုံးမှုကြောင့် တရုတ်နိုင်ငံရှိ ဝက်ခြံ (၆၀) ရာခိုင်နှုန်းအား ထိခိုက်ခဲ့သည့် အာဖရိကဝက်တုပ်ကွေး ဖြစ်ပွားသကဲ့သို့ အလားတူဖြစ်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေနှုန်းမှာ ကြောက်မက်ဖွယ်ကောင်း ကြောင်း၊ ကူးစက်မှုအား ပထမဆုံးတွေ့ရှိသည့်အချိန်မှ  ကန်ထဲရှိ ပုစွန်အားလုံးသေဆုံးမှုမှာ နှစ်ရက်မှသုံးရက်ခန့်သာ ကြာမြင့်ကြောင်း၊ ဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသည့် လက္ခဏာမှာ ပုစွန်၏အခွံများ မပျော့ပြောင်းခင်နှင့် ရေကန်အောက်ခြေသို့ မနစ်မြုပ်ခင် အနီရောင်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုမှာ မျိုးစိတ်နှင့် အကောင်အကြီးအသေး၊ ရေချို/ရေငန်ပုစွန် ဟူ၍ ခွဲခြားမှုမရှိဘဲ ကူးစက်ကြောင်း၊ ပုစွန်ကန်တစ်ကန်တွင် ဗိုင်းရပ်စ်ကူးစက်လျှင် အနီးနားရှိ ကန်များအားလည်း ရက်အနည်းငယ်အတွင်း အလွယ်တကူ ကူးစက်နိုင်ကြောင်း၊ ပထမဆုံး ဗိုင်းရပ်စ်တွေ့ရှိခဲ့သည့်မျိုးစိတ်မှာ တရုတ်နိုင်ငံတွင် အဓိကမွေးမြူသည့် Pacific White Shrimp ၌ ၂၀၁၄ ခုနှစ်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါဗိုင်းရပ်စ်အား သတိထား မိခဲ့ခြင်း မရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ပြည်နယ် (၁၁) ခု၏ ပုစွန်မွေးမြူးရေးကန်များတွင် တွေ့ရှိခဲ့ကြောင်း၊အပြင်းထန်ဆုံးဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ်က ပုလဲမြစ်ဝှမ်းတစ်လျှောက်ရှိရေလုပ်ငန်း များတွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် နွေဦးရာသီကာလတွင် ပုစွန်ကန် သုံးပုံ နှစ်ပုံအား ကူးစက်ခဲ့ကြောင်း၊ အပူချိန်မြင့်မားသည့် နွေရာသီတွင် ကူးစက်မှုရပ်တန့်သွားပြီး ဖေဖေါ်ဝါရီလတွင် ပြန်လည်ဖြစ်ပွားကြောင်း၊ ဗိုင်းရပ်စ်သည် အပူချိန် (၃၀) ဒီဂရီနှင့် အထက်ကို ကြောက်ရွံ့ကြောင်း၊ အဆိုပါဗိုင်းရပ်စ် Div1 မှာ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေးတို့ကဲ့သို့ ပုစွန်မွေးမြူရေးလုပ်ကိုင်သူများအတွက် ကြောက်မက်ဖွယ်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကူးစက်မှုဖြစ်လျင် ပုစွန်များအား ရောင်းချပြီး ရေကန်အား အခြောက်ထားပြီး အနည်းဆုံး (၂) ပတ်ကြာ လုပ်ငန်းနားထားရကြောင်း၊ အချို့သော ပုစွန်မွေးမြူသူများမှာ အချိန်အကြာကြီး မထားဘဲ လျင်မြန်စွာ ရေကန်အား ပြန်သုံးလျှင် ရောဂါပြန်လည် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ဗိုင်းရပ်စ်ကူးစက်သည့် အရင်းမြစ်နှင့် ကူးစက်ပုံအား ယခုထိ မသိ ရှိသေးကြောင်း၊ ထိရောက်သည့် ကာကွယ်မှုများလည်း မရှိသေးကြောင်း၊ ကြက်၊ ဝက်မွေးမြူသူများ ၎င်းတို့၏ ခြံများထဲသို့ လူစိမ်းလာရောက်ခွင့်မပြုသလို ပုစွန်ကန်များအနီးသို့လည်း လူစိမ်းလာရောက်ခွင့်ပြုထားခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံတွင် လူနေထိုင်မှု အဆင့်အတန်းများ မြင့်မားလာသောကြောင့် ပုစွန်စိတ် (shrimp)၊ ပုစွန်ထုပ် (Prawn) ­၊ ကျောက်ပုစွန် (lobster) နှင့် ရေချိုပုစွန် (crayfish ) များ စားသုံးမှုမှာ မကြာမီနှစ်များက ရုတ်တရက်မြင့်တက်ခဲ့ကြောင်း၊ သို့သော် Div1 ကြောင့် ဒေသမှ ပုစွန်ထွက်ရှိမှုအား ထိခိုက်လျှက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ He Huifeng က “China’s shrimp farmers ‘terrified’ as deadly virus threatens to destroy lucrative seafood industry” ခေါင်းစဉ် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: China (HongKong)