China(Nanning)

ရောင်းလိုအားနှင့် ဝယ်လိုအားကြား အားပြိုင်မှုများကြောင့် တရုတ်ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ အတက်အကျ ဆက်လက်ဖြစ်ပေါ်နေ

Last Updated:

ဒီဇင်ဘာလသို့ ရောက်ရှိလာချိန်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြောင်းစိုက်ပျိုးထုတ်လုပ်ရာဒေသများမှ လယ်သမားများမှာ ကုန်တင်ခများ ဆက်လက်မြင့်တက် လာခြင်းနှင့် ပြောင်းအခြောက်ခံစရိတ်စကများ ဆက်လက်မြင့်တက်လာခြင်းတို့ကြောင့် ပြောင်းများကိုရောင်းထုတ်ရန် တုံ့ဆိုင်းနေကြပါသည်။ ကောက်ပဲသီးနှံများ သိုလှောင်ကုန်သွယ်သည့် အဓိကလုပ်ငန်းများမှာလည်း ဈေးအတက်အကျဖြစ်မည်ကို စိုးရွံ့နေကြပါသည်။

တစ်နည်းအားဖြင့် ပြောင်းစိုက်ပျိုးထုတ်လုပ်ရာနေရာများမှ ပြောင်းဈေးနှုန်းသတ်မှတ်ခြင်းနှင့် အရောင်းအဝယ်ပြုခြင်းများနှေးကွေးနေပြီး၊ ပြောင်းဈေးကွက်မှာ ရောင်း လိုအားနှင့် ဝယ်လိုအားအကြား စစ်တုရင်ကစားပွဲဆန်နေကာ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂,၆၈၀) ခန့် ရှိပါသည်။

ဤသို့ဖြစ်နေသည့်အခြေအနေမှာ ရေတိုကာလတွင် အဆုံးသတ်ရန်ခက်ခဲပြီး၊ ပြည်တွင်းပြောင်းဈေးကွက်တွင် ဈေးနှုန်းအတက်အကျများမှာ အကန့်အသတ်ဖြင့် ရှိနေ နိုင်ပါသည်။ နောင်သုံးလပတ်တွင် အထွက်နှုန်းမြင့်သည့် ပြောင်းများ ထွက်ရှိလာပါက ထိုသို့ ဖြစ်ပေါ်နေမှုအဆုံးသတ်သွားနိုင်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၃-၁၂-၂၀၂၁)

Category: China(Nanning)