Japan

လစာနှင့် ဆုကြေးများကို ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းကြီးတစ်ခုဖြစ်သည့် ANA လျှော့ချဖြတ်တောက်မည်ဖြစ်ကြောင်း သိရ

Last Updated:

ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းကြီးတစ်ခုဖြစ်သည့် All Nippon Airways (ANA) သည် ဝန်ထမ်းများ၏ လစာနှင့် ယခုနှစ်အတွက် ဆုကြေးငွေများကို လျော့ချဖြတ် တောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ANA လေကြောင်းလိုင်းသည်  ကိုရိုနာဗိုင်းရပ် ကပ်ရောဂါပြန့်ပွားမှုဂယက်ကြောင့် စီးပွားရေး အတန်ပင်ကျဆင်းနေပြီး  ပြီးခဲ့သည့် ဧပြီလမှ ဇွန်လ အထိ သုံးလပတ်ကာလအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်အထိ အရှုံးပေါ်ခဲ့ကာ သုံးလပတ်ကာလအတွက် အရှုံးပေါ်ခဲ့သည့် အမြင့်ဆုံး သောပမာဏဖြစ်ကြောင်းသိရပါသည်။ နိုင်ငံတကာလေကြောင်း လိုင်းခရီးစဉ် လိုအပ်ချက်များသည် များမကြာမီကာလတွင် ပြန်လည်နာလန် ထူလာနိုင်မည့် အလားအလာများ နည်းပါးနေသေးသည့်အတွက် ANA အမှုဆောင်အရာရှိများက ဝန်ထမ်း ၁၅,၀၀၀ ခန့်၏ လစာများကိုလျော့ချ ရန်နှင့် ဆောင်းရာသီအပိုဆုကြေးငွေကို ဖြတ်တောက်ရန် စီစဉ်နေကြကြောင်း သိရပါသည်။

နှစ်ဦးပိုင်းက နွေရာသီဆုကြေးငွေဖြတ်တောက်ခဲ့မှုကိုပါ ထည့်တွက်လိုက်ပါက ဝန်ထမ်းများ၏ နှစ်ပတ်လည်ဝင်ငွေသည် စုစုပေါင်း ၃၀ % ခန့်အထိ လျော့ကျသွားမည်ဖြစ် ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ဇူလိုင်လက ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ANA Holdings ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် Fukuzawa Ichiro က ဝန်ထမ်းများ၏  ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့်  ဝန်ထမ်းများ ဆက်လက်ခန့်ထား လိုကြောင်းပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်မှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လုပ်ငန်းပြန်လည်ဖွဲ့စည်း ပြင်ဆင်မှုများဆောင်ရွက်ရန်အတွက် ကုန်ကျစရိတ်များကို ပိုမိုလျော့ချရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ANA Holdings က ပြောကြားခဲ့ပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan