USA

လောင်စာဆီဝယ်ယူမှုအား ယွမ်ငွေဖြင့် စာချုပ်ချုပ်ဆိုနိုင်ရေး တရုတ်နိုင်ငံနှင့် ဆောင်ဒီနိုင်ငံ ဆွေးနွေးညှိနှိုင်းမှု အရှိန်အဟုန် မြင့်တက်

Last Updated:

ဆော်ဒီအာရေဗီးယားနိုင်ငံမှ လောင်စာဆီဝယ်ယူမှုအား ယွမ်ငွေဖြင့်ပေးချေမှုအတွက်  ဆော်ဒီနှင့် တရုတ် နှစ်နိုင်ငံ ဆွေးနွေးလျက်ရှိ ကြောင်း၊ ယင်းကဲ့သို့ ဒေါ်လာအစား ယွမ်ငွေဖြင့် ပြောင်းလဲဆောင်ရွက်လာမည့်အရွေ့သည် ကမ္ဘာ့ရေနံဈေးကွက်အား အမေရိကန် ဒေါ်လာလွှမ်းမိုးမှု အခြေအနေပြောင်းလဲသွားနိုင်သည်ဟု အဆိုပါကိစ္စအား ရင်းနှီးသူများက ပြောကြားခဲ့ကြောင်း၊ ဆယ်စုနှစ်များကြာ ပင်လယ်ဂွေ့နိုင်ငံများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန် အမေရိကန်နိုင်ငံ၏ ကတိကဝတ်များ ပျက်ယွင်းမှုအပေါ် မနှစ်မြို့မှုများ ကြီးထွားလာသည့်အတွက် လောင်စာဆီဝယ်ယူရာတွင် ယွမ်ငွေဖြင့် ဝယ်ယူရေးအား ၆ နှစ်ကြာ ဆွေးနွေးလာခဲ့ကြပြီးနောက် ယခုနှစ် တွင် ယွမ်ငွေဖြင့်ဝယ်ယူရေးသည် အရှိန်အဟုန်မြင့် ဆွေးနွေးလာကြခြင်းဖြစ်ပြီး ဆော်ဒီနိုင်ငံအနေနှင့် စဉ်းစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ယီမင်နိုင်ငံ၏ ပြည်တွင်းစစ်တွင် အမေရိကန်နိုင်ငံမှ ကူညီထောက်ပံ့မှုပျက်ကွက်ခြင်းနှင့် အီရန်နိုင်ငံနှင့် နျူကလီယားအစီအစဉ်နှင့် စပ်လျဉ်းသည့် သဘောတူညီချက်အပေါ် အမေရိကန်နိုင်ငံမှ ချိုးဖောက်ရန် ကြိုးပမ်းမှုအပေါ် ဆော်ဒီနိုင်ငံအနေနှင့် မနှစ်မြို့ကြောင်း၊ ယမန်နှစ်က အာဖဂန်နီစတန်နိုင်ငံမှ အမေရိကန်တပ်များ ပြန်လည်ရုတ်သိမ်းသွားသည့်ဖြစ်ရပ်လည်း ဆော်ဒီနိုင်ငံအား တုန်လှုပ်စေ သည်ဟု အရာရှိများက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဆောင်ဒီနိုင်ငံ၏ လောင်စာဆီ ပို့ကုန်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော် ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ အဆိုပါ လောင်စာဆီအတွက် ယွမ်ငွေကြေးဖြင့် ပေးချေနိုင်ပါက တရုတ်ယွမ်ငွေသည် တန်ဖိုးပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ ဆော်ဒီနိုင်ငံ အနေနှင့် တစ်ရက်လျှင် အကြမ်းအားဖြင့် ရေနံစိမ်းစည်ပေါင်း ၆.၂ သန်းတင်ပို့မှုများအနက် အချို့သောပမာဏအား အမေရိကန် ဒေါ်လာအပြင် အခြားသောအရာများဖြင့် ပြောင်းလဲဆောင်ရွက်လာပါက ကြီးမားသည့်ပြောင်းလဲမှုကြီး ဖြစ်လာနိုင်ကြောင်း၊ ကမ္ဘာ့ လောင်စာဆီ ပို့ကုန်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာဖြင့် ပေးချေလျက်ရှိကြောင်း၊ ဆော်ဒီနိုင်ငံအနေနှင့် ၁၉၇၄ ခုနှစ်ကတည်းက လောင်စာဆီကို အမေရိကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ ရောင်းဝယ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်းတို့ ငွေကြေးအား ကမ္ဘာ့ကုန်သွယ်သည့် ငွေကြေးအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ်တွင် ဆော်ဒီနိုင်ငံနှင့် လောင်စာဆီစာချုပ်များကို ယွမ်ငွေကြေးဖြင့်ဆောင်ရွက်ရန် မိတ်ဆက်ညှိနှိုင်းလာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက အီရန်နိုင်ငံအား နျူကလီးယားအစီအစဉ်ဖြင့် အရေးယူပိတ်ဆို့ခြင်းနှင့် ယူကရိန်းအပေါ် တိုက်ခိုက်ခြင်းအတွက် ရုရှားအား အရေးယူပိတ်ဆို့ခြင်းတို့ အပေါ် ဥပမာထား၍ အမေရိကန်ဒေါ်လာအသုံးပြုခြင်းသည် အန္တရာယ်များသည့် ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံက မီးမောင်းထိုး ဖော်ပြလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းလောင်စာဆီ ထုတ်လုပ်သည့်နိုင်ငံများတွင် ရပ်တည်လျက်ရှိကြောင်း၊ ၁၉၉၀ ခုနှစ်၊ အစောပိုင်း နှစ်များတွင် အမေရိကန်နိုင်ငံသည် ဆော်ဒီနိုင်ငံမှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လမှစ၍ တစ်ရက်လျှင် စည်ပေါင်း ၅သိန်းအောက်သာ တင်သွင်းသည်ဟု အမေရိကန် စွမ်းအင်အချက်အလက်များ စီမံခန့်ခွဲမှုဌာနမှ ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဆော်ဒီနိုင်ငံအနေနှင့် နေ့စဉ်ရေနံစိမ်းစည်ပေါင်း သန်းပေါင်းများစွာကို အမေရိကန်ဒေါ်လာအစား ယွမ်ငွေဖြင့် ပြောင်းလဲအသုံးပြုပါ က ဆော်ဒီနိုင်ငံ၏ စီးပွားရေးကို ရုတ်ချည်းပြောင်းလဲသွားနိုင်ကြောင်း၊ ဆော်ဒီမင်းသား၏လက်ထောက်က ခိုင်မာစွာ ကြိုတင်ပြင် ဆင်ဆောင်ရွက်မှုမရှိသေးပဲ အစီအစဉ်ကို အလျင်အမြန်ပြောင်းလဲဆောင်ရွက်ပါက ဆော်ဒီနိုင်ငံသည် မမျှော်မှန်းနိုင်သည့် စီးပွားရေး ဆုံးရှုံးမှုဒဏ်ကို ခံစားရနိုင်သည်ဟု သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: https://www.wsj.com/articles/saudi-arabia-considers-accepting-yuan-instead-of-dollars-for-chinese-oil-sales-11647351541

Category: USA