Thailand

လျှပ်စစ်မော်တော်ကားအားသွင်းစက်ရုံများ တိုးတက်လာစေရန် အထူးချေးငွေများ ပေးအပ်ခြင်း

Last Updated:

ပြည်တွင်း၌ လျှပ်စစ်ကားဝယ်ယူမှု တိုးတက်လာစေရန်အတွက် အားသွင်းစက်ရုံများတွင် ရင်းနှီးမြှုပ်နှံ လိုသော SMEs များနှင့် Startups များအား အထူးချေးငွေများထုတ်ချေးပေးရန် အစိုးရအနေဖြင့် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
အမျိုးသားလျှပ်စစ်ကားမူဝါဒကော်မတီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow ၏အဆိုအရ ကော်မတီအနေဖြင့် အားသွင်း စက်ရုံငယ်များအား အထောက်အပံ့ပေးရန်ကိစ္စကို နောက်လတွင် ထည့်သွင်းစဉ်းစားပေးရန် စီစဉ်ထားကြောင်းနှင့် အားသွင်းစက်ရုံများတွင် ရင်းနှီးမြှုပ်နှံလိုသော SMEs များနှင့် Startups များအား အထူးချေးငွေများ ထုတ်ချေးပေးနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့အနေဖြင့် အားသွင်းစက်ရုံငယ်များတွင် ရင်းနှီးမြှုပ်နှံသူ အငယ်စားများအား အထူးအခွင့်အရေးများ ပေးထားသော်လည်း အစိုးရအနေဖြင့် SMEs များနှင့် Startups များအား အားသွင်းစက်ရုံငယ်များတွင် ရင်းနှီးမြှုပ်နှံစေရန်အတွက် အထူးချေးငွေမှာ မရှိမဖြစ်အဖြစ် အရေးကြီး သည်ဟု ရှုမြင်ကြောင်း သိရှိရပါသည်။ ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အနေ ဖြင့် လျှပ်စစ်မော်တော်ကားများအတွက် အားသွင်းစက်ရုံငယ်များတွင် ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံ သူများအတွက် အထူးအခွင့်အရေးများကို အတည်ပြုပေးခဲ့ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းဈေး ကွက်တွင် လျှပ်စစ်မော်တော်ကားများ သုံးစွဲမှုအရှိန်တိုးတက်လာစေရန်နှင့် ဆက်စပ်အခြေခံ အဆောက် အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း သိရှိရပါသည်။
ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့အနေဖြင့် အားသွင်းစက်ရုံငယ်များအား ၂၀၁၇ ခုနှစ်မှစတင်၍ အထူးအခွင့် အရေးများ ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စီမံကိန်း (၃) ခုသာရှိကြောင်း သိရှိရပါသည်။ အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် DC လျှပ်စစ်အားသွင်းစက်ရုံပေါင်း (၂၂၀၀- ၂၄၀၀) အထိ လိုချင်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်အားသွင်းစက်ရုံပေါင်း (၁၂၀၀၀) အထိ လိုချင်နေ ကြောင်း၊ အစိုးရအနေဖြင့် ဥရောပမှ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများကို ရင်းနှီးမြှုပ်န ှံစေလိုကြောင်း သိရှိရပါသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ် မော်တော်ကားသုံးစွဲမှုနှင့် ထုတ်လုပ်မှုတိုးတက်ဖွံ့ဖြိုးစေရန်အတွက် အခွန်လျှော့ချခြင်းနှင့် အထောက် အပံ့များ ပေးအပ်ခြင်းတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။ အထောက်အပံ့ပေးအပ်ခြင်းတွင် ဘတ်ငွေ (၇၀၀၀၀) မှ (၁၅၀၀၀၀) အထိ ဖြစ်ကြောင်း၊ မော်တော်ကားအမျိုးအစားနှင့် မော်ဒယ်အပေါ် မူတည်ကြောင်း၊ CKD နှင့် CBU တို့အတွင် အထူးကုန်စည်ခွန်နှင့် သွင်းကုန်ခွန်မှာ နည်းပါးကြောင်း သိရှိရပါသည်။
 အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းလျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုတိုးတက်စေရေးအတွက် လျှပ်စစ် အစိတ်အပိုင်းများ တင်သွင်းမှုအပေါ် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။  ၎င်းတို့တွင် ဘက်ထရီများ၊ မော်တာများ၊ ဘက်ထရီလျှပ်စစ ်မော်တော်ကားများအတွက် ကွန်ပရက်ဆာများ၊ ဘက်ထရီစီမံခန့်ခွဲမှုစနစ်များ၊ မောင်းနှင်မှုထိန်း သိမ်းမှုယူနစ်များနှင့် Reduction Gear များပါဝင်ကြောင်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကင်းလွတ် ခွင့်တွင် သွင်းကုန်တင်သွင်းသည့်ကားများနှင့် မော်တော်ဆိုင်ကယ်များ ပါဝင်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွင်း လျှပ်စစ်မော်တော်ယာဉ်သုံးစွဲမှုကို အားပေးလှုံ့ဆော် ရန်ဖြစ်ကြောင်း သိရှိရပါသည်။

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post

 

Category: Thailand