China(Beijing)

လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များအရ အကောက်ခွန် လျှော့ချကောက်ခံ သွားမည် ဖြစ်ခြင်း

Last Updated:

အရည်အသွေးမြင့်မားသည့် ဖွင့်လှစ်မှုများအား တိုးတက်လာစေရန်အတွက် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း (၂၉) နိုင်ငံမှ ထုတ်လုပ်တင်ပို့သည့် ကုန်စည်များအပေါ်တွင် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများအား ၂၀၂၂ ခုနှစ်မှစတင်၍ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များအရ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုထားသည့် နယူးဇီလန်၊ ပီရူး၊ ဆွစ်ဇာလန်၊ အိုင်ယာလန်နှင့် Costa Rica တို့ အပါအဝင် နိုင်ငံနှင့် ဒေသများမှ ထုတ်လုပ်တင်ပို့မည့် ကုန်စည်များအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းထားများအား ပိုမိုလျှော့ချပေးမည်ဖြစ်ကြောင်း၊ အလားတူ ပင် တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်နှင့် တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ အကောက်ခွန်များလျှော့ချခြင်းဖြင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်၊ အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းမှုများ မြင့်တက်လာစေရန်အတွက် တင်သွင်းရာတွင် ကောက်ခံသည့် အကောက်ခွန်နှုန်းများ ပိုမိုလျှော့ချပေးရန် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အလား တူပင် တရုတ်နိုင်ငံသည် တရုတ်- စင်္ကာပူ နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စေ့စပ် ဆွေးနွေးမှုများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ပေးမှုများ ပိုမိုတိုးတက်လာခြင်းဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဈေးကွက်ဝင် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://www.globaltimes.cn/page/202112/1241606.shtml

Category: China(Beijing)