China (HongKong)

လွန်ခဲ့သော နှစ်ပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာများပြန်မြင့်တက်လာခြင်း၊ Ant Group မှ ရင်းနှီးမြှုပ်နှံလာခြင်းနှင့် အမေရိကန် S&P 500 Index ကောင်းမွန်မှုကြောင့် ဟောင်ကောင်စတော့ ရှယ်ယာများ အကျိုးအမြတ် မြင့်မားလာခြင်း

Last Updated:

ဥ‌ရောပမှဗိုင်းရပ်စ်ရောဂါ သက်သာခွင့်ပံ့ပိုးမှုနှင့် ကမ္ဘာလုံးဆိုင်ရာအစုရှယ်ယာများ ပြန်တက်လာခြင်း၊ COVID-19 ကာကွယ်ဆေး စမ်းသပ်မှု တိုးတက်လာမှုနှင့် Ant Group မှ ဟောင်ကောင်နှင့် ရှန်းကျန့်တို့၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်လာမှုကြောင့် ဟောင်ကောင်ဒေသ၏ စတော့ရှယ်ယာမှာ လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်အတွင်း မြင့်တက်လာ‌ကြောင်း၊ Hang Seng Index ၌ (၁.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၆-၇-၂၀၂၀ ရက်နေ့မှ စတင်၍ အကြီးမားဆုံးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်၏ အကြီးဆုံးကုမ္ပဏီများဖြစ်သည့် S&P 500 Index ၏ အခြေအနေမှာ ကောင်းမွန်လာကြောင်း၊ Amazon.com နှင့် Zoom Technologies အသုံးပြုမှု အားကောင်းလာခြင်းကြောင့် Nasdaq market မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စီးပွားရေးမတည်ငြိမ်မှု ကိုရင်ဆိုင်နိုင်ရန် စီးပွားရေးကုစားရန် ထောက်ပံ့မှုအစီအစဉ် များပြုလုပ်ရန် ယူရို (၇၅၀) ဘီလီယံပံ့ပိုးမှုကြောင့် ဥရောပစတော့ဈေးကွက်မှာလည်း မြင့်တက်လာကြောင်း၊ Jack Ma ၏ Ant Group  စတော့ရှယ်ယာမှာ ဟောင်ကောင်နှင့် ရှန်းကျန့်၌ အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံရှိခဲ့ပြီး နယူးယောက်ကို ကျော်လွန်သွားကြောင်း၊  ဟောင်ကောင်၌  Ant Group ပြီးလျှင် ကမ္ဘာ့အကြီးဆုံး e-commerce ကုမ္ပဏီ ဖြစ်သည့် Alipay online နည်းပညာစတော့ရှယ်ယာများ မြင့်တက်ခဲ့ကြောင်း၊ ဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်နေသည့် University of Oxford AstraZeneca တို့မှလည်း လူနှင့် စမ်းသပ်နိုင်တော့မည်ဟုပြောကြားခဲ့ခြင်းကြောင့် နည်းပညာကုမ္ပဏီများ၏ စတော့ရှယ်ယာ များမြင့်တက်ခဲ့ကြောင်း၊ China’s CanSion Biologics Inc. ၊ ဖက်စပ်လုပ်ကိုင်နေသော Pfizer Inc နှင့် BioNTech တို့၏ အခြေအနေများမှာလည်း ကောင်းမွန်သည့် အနေအထား ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Zhang Shidong က “Hong Kong stocks head for biggest gain in two weeks on global rally and Ant Group’s listing In US, S&P 500 turns positive, boosting sentiment here” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)