China(Nanning)

ဝက်အရှင် လက်ငင်းအရောင်းအဝယ်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေဆဲဖြစ်

Last Updated:

နိုင်ငံတကာ၌ ပဲပုပ်နှင့် ပြောင်းဈေးနှုန်းများ သိသိသာသာမြင့်တက်လာခြင်းကြောင့် တိရစ္ဆာန်အစာဈေးနှုန်းများ မြင့်မားလာသဖြင့် တရုတ်ပြည်တွင်း၌ ဝက်အရှင်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေကာ၊ ဝက်မွေးမြူသူများမှာ အရှုံးနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ယခုကဲ့သို့ဖြစ်နေခြင်းကြောင့် ဝက်မွေးမြူမှုနှုန်းများ ကျဆင်းသွားခြင်း ရှိ၊ မရှိ ဟူသည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ပါ သည်။ များသောအားဖြင့် ဝက်မွေးမြူသူများမှာ နွေဉီးရာသီပွဲတော် (တရုတ်နှစ်သစ်ကူးပွဲတော်) အတွက် ရည်ရွယ်၍ မွေးမြူကြခြင်း ဖြစ်ရာ၊ ယခု အချိန်၌ ဝက်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၁၀) ယွမ်ခန့် ကျဆင်းသွားပြီး၊ ဆက်လက်ကျဆင်းဖွယ်လည်း ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Sunsirs (၁၆-၃-၂၀၂၂)

Category: China(Nanning)