Thailand

ဝန်ကြီးဌာနအနေဖြင့်တိရစ္ဆာန်အစားအစာဈေးနှုန်းမြင့်တက်နေခြင်းကိုကိုင်တွယ်ဖြေရှင်းရန် ကတိပြုခြင်း

Last Updated:

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တဟုန်ထိုးမြင့်တက်နေသော တိရစ္ဆာန်အစားအစာဈေးနှုန်းများကို ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြု ထားကြောင်းသိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်၏အဆိုအရ ဝန်ကြီးဌာနအနေဖြင့် တိရစ္ဆာန်အစားအစာအတွက် မြင့်မားသော ထုတ်လုပ်မှုစရိတ် စကကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသော အစိုးရဌာနများ၊ တောင်သူလယ်သမားများ၊ အစားအစာထုတ်လုပ်သူများနှင့် မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများပါဝင်သည့် ဆက်စပ်သည့် အဖွဲ့လေးဖွဲ့တို့ဖြင့် (၂၃-၃-၂၀၂၂) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။        

အဆိုပြုထားသော ဖြေရှင်းနည်းများတွင် သွင်းကုန်တင်သွင်းသူများအနေဖြင့် ပြည်တွင်းထွက် ပြောင်းကို (၁:၃) ဖြင့်ဝယ်ယူရန် လိုအပ်သည့်အစီအမံများအပေါ် ဝန်ကြီးဌာန၏ ပြန်လည်သုံးသပ်မှုများပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အစိုးရအနေဖြင့် ပြည် တွင်းထွက်ပြောင်းနှင့် ပီလောပီနံဈေးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်ပမှ ဂျုံတင်သွင်းမှုအား ၂၀၁၆ ခုနှစ်မှစတင်၍ ကန့်သတ်ခဲ့ ပါသည်။

အစည်းအဝေးတွင် ပြည်တွင်းရှိ တောင်သူများအပေါ် သက်ရောက်မှုများ၊ အထူးသဖြင့် ပြောင်းနှင့် ပီလောပီနံကိစ္စရပ်များ၊ ထုတ် လုပ်မှုစရိတ်မြင့်မားလာနေသည့်အတွက် မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများအပါအဝင် ဆက်စပ်သည့်အချက်အား လုံးကို ထည့်သွင်း၍ စဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးမစ္စတာဂျူရင်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၎င်းက ပြည်တွင်းအစားအစာကုန်ကျစရိတ် မြင့်မားမှုသည် အရေးကြီးသည့် ကုန်ကြမ်း (၃) မျိုးဖြစ်သည့် ပြောင်း၊ ဂျုံနှင့် ငါး အစာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်တွင်းပြောင်းဈေးနှုန်းမှာ ယခုအခါ မြင့်မားလျှက်ရှိကြောင်း၊ တစ်ကီလိုဂရမ်လျှင် (၁၁-၁၁.၅၀) ဘတ်အထိ ရှိနေကြောင်း၊ ၎င်းမှာ ပုံမှန်ကာလများတွင်ရှိသည့် တစ်ကီလိုဂရမ်လျှင် (၆-၈) ဘတ်မှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာဂျူရင်က ပြေကြားခဲ့ ပါသည်။ အစိုးရအနေဖြင့် ၎င်း၏ လယ်သမားများ၏ ဝင်ငွေအာမခံအစီအစဉ်အရ အာမခံဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၈.၅၀) ဘတ်ဖြစ်ကြောင်း သိရှိရပါသည်။

ပို၍အရေးကြီးသည်မှာ ရုရှား- ယူကရိန်း ပဋိပက္ခက ကမ္ဘာ့ဂျုံဈေးကို မြင့်တက်စေခဲ့ကြောင်း၊ ယူကရိန်းအနေဖြင့် ကမ္ဘာ့ဂျုံတင် ပို့မှု အများဆုံးနိုင်ငံဖြစ်ခြင်းကြောင့် ကမ္ဘာ့ဂျုံဈေးကို တက်စေခဲ့ကြောင်း သိရှိရပါသည်။

မစ္စတာဂျူရင်က လက်ရှိအချိန်တွင် သွင်းကုန်တင်သွင်းသူများအနေဖြင့် ပြည်တွင်း ပြောင်းကို (၁:၃) အရ ဝယ်ယူရန် လိုအပ်သည့် အစီအမံများမှာ မသင့်လျှော်တော့ကြောင်း၊ အစားအစာထုတ်လုပ်မှုကုန်ကျစရိတ်နှင့် မွေးမြူရေးဈေးနှုန်းများအား လျှော့ချရန် အတွက် ယာယီဖြေလျှော့ပေးရန်လိုအပ်ကြောင်း ဝန်ကြီးမစ္စတာဂျူရင်က ဝန်ခံခဲ့ပါသည်။              

ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန ညွန်ကြားရေးမှူးချုပ် Wattanasak Sur-iam က တိရစ္ဆာန်အစာ ထုတ်လုပ်သူများ အနေဖြင့် ဂျုံတင်သွင်းမှုအား ဖြေလျှော့ပေးရန်၊ ပဲပုတ်တင်သွင်းမှု အတွက်သွင်းကုန်အခွန် (၂%) အား ဖြေလျှော့ပေးရန်၊ ပြောင်း တင်သွင်းမှုအချိန်ကာလ (ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ) အား အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အရ ဖြေလျှော့ပေးရန် အစိုးရအား တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ပြောင်းလိုအပ်ချက်မှာ တစ်နှစ်လျှင်တန်ချိန် (၇.၈-၈) သန်းအထိရှိပြီး ပြည်တွင်း ထုတ်လုပ်မှုမှာ တန်ချိန် (၄.၉) သန်းရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand