Japan

သီတင်းတစ်ပတ်လျှင် ၃ ရက်အလုပ်ဆင်းခွင့်ပြုရန် Mizuho ပြင်ဆင်

Last Updated:

ဂျပန်နိုင်ငံမှ Mizuho Financial Group ကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီမှ အချိန်ပြည့် ဝန်ထမ်း ၄၅, ၀၀၀ ခန့်အတွက် တစ်ပတ်လျှင် လေးရက်အထိ ခွင့်ယူလိုသူရှိပါက ခွင့်ပြုပေး နိုင်ရန် စီစဉ်နေကြောင်း သိရပါသည်။

အလုပ်ဆင်းသည့်နေ့ရက်  လျှော့ယူသည့် ဝန်ထမ်းများအနေဖြင့် အပိုဝင်ငွေရသည့် လုပ်ငန်းဆောင်ရွက်နိုင်သည့်အပြင်  မိသားစုဝင်များကို အချိန် ပေးကြည့်ရှုစောင့်ရှောက်လာနိုင်ခြင်းနှင့်  မိမိစိတ်ပါဝင်စားသည့် ပညာရပ်များ သင်ယူလေ့လာရန် အချိန်များရရှိလာနိုင်မည်ဖြစ်ကြောင်း ငွေကြေး နှင့် ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Mizuho က ပြောကြားခဲ့ပါသည်။

သို့သော် တစ်ပတ်လျှင် ၄ ရက် အလုပ်ဆင်းသောဝန်ထမ်းများ၏အခြေခံလစာကို ၂၀% လျှော့ချမည်ဖြစ်ပြီး တစ်ပတ်လျှင် ၃ ရက်သာ အလုပ်ဆင်း မည့်ဝန်ထမ်းများကို အခြေခံလစာ၏  ၄၀ %  ကို လျှော့ချမည်ဖြစ်ကြောင်း သိရပါသည်။ Mizuho ၏ အမှုဆောင် အရာရှိချုပ်များက အလုပ်သမား သမဂ္ဂအရာရှိများနှင့် သဘောတူညီမှုရယူပြီးပါက လာမည့် ဒီဇင်ဘာလတွင် ယခုကဲ့သို့ ရွေးချယ်မှုများစတင် ဆောင်ရွက်နိုင်မည်ဟု သိရပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေ ကြသည့်အတွက် နေအိမ်မှ နေထိုင်ကာ Online မှ ချိတ်ဆက်၍ လုပ်ငန်းဆောင်ရွက် ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်လုပ်ချိန် သတ်မှတ်ဆောင်ရွက်ခြင်းများ တွင်ကျယ်လာနေပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan