Germany

ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု ဂျာမန်ရထားလိုင်းများစတင်

Last Updated:

ဂျာမန်ဒေသခံရထားလိုင်းများ (local train route) သည် ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု မောင်းနှင်ခြင်းကို ပြင်သစ်ကုမ္ပဏီ Alstom မှထုတ်လုပ်သော ရထားတွဲများဖြင့် စတင်ရန် စီစဉ်လျှက်ရှိပါသည်။ Lower Saxony ပြည်နယ်ဝန်ကြီးချုပ် Stephan Weil က ၂၄-၈-၂၀၂၂ ရက်နေ့တွင် ဟိုက်ဒရိုဂျင် စွမ်းအင်အသုံးပြု ရထားလိုင်းများစတင်ခြင်းအခမ်းအနားကို Bremervörde မြို့တွင်တက်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် Lower Saxony ပြည်နယ်အနေဖြင့် လေထုညစ်ညမ်းမှုမရှိသည့် (climate neutrality) ခရီးသွားပို့ဆောင်မှုများအတွက် အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းသည် တန်ဖိုးအားဖြင့် ယူရို (၉၃) သန်းရှိပြီး ရထားတွဲများကို ပြင်သစ်နိုင်ငံတွင် ဒီဇိုင်းပြုလုပ်၍ ဂျာမနီနိုင်ငံတွင် ပြန်လည်တပ်ဆင် ထုတ်လုပ်ခြင်းဖြစ်ကာ ဂျာမနီနိုင်ငံရှိ German DLR space agency ၏ Institute for Concept Vehicles က သုတေသနလုပ်ငန်းများ ပံ့ပိုးပြုလုပ် ပေးခဲ့ခြင်းဖြစ်ပါသည်။ စီမံကိန်းအစီအစဉ်အရ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု (၈) တန်ခန့် လျော့ကျနိုင်ရန် ခန့်မှန်းထားရှိပြီး ပြင်သစ်ကုမ္ပဏီ Alstom ၏ စီမံကိန်းမန်နေဂျာက ဒီဇယ်စွမ်းအင် အသုံးပြုနေသည့် ဂျာမန်ရထားလိုင်းပေါင်း (၂၅၀၀) မှ (၃၀၀၀)  အတွင်းကို ဟိုက်ဒရို ဂျင်စွမ်းအင်အသုံးပြု ရထားလိုင်းများအဖြစ် အစားထိုးပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျာမန်ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Siemens ကုမ္ပဏီကလည်း ၎င်း၏ ပထမဦးဆုံး prototype hydrogen train ကို စမ်းသပ်လျှက်ရှိပြီး ၂၀၂၄ ခုနှစ်ခန့်တွင် စတင်ပြေးဆွဲနိုင်ရန် ခန့်မှန်း ထားရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/german-train-line-switching-fully-to-hydrogen/a-62907198

 

Category: Germany