China (HongKong)

ဟောင်ကောင် ကျောက်မျက်ရတနာလုပ်ငန်းအုပ်စုအနေဖြင့် ပြပွဲကျင်းပပြုလုပ်ရာတွင် ယှဉ်ပြိုင်ဘက်ပြပွဲ ရှိမည်ဖြစ်ကြောင်း

Last Updated:

ဟောင်ကောင် ကေျာက်မျက်ရတနာကုန်သည်များအသင်းက နိုဝင်ဘာလတွင် နှစ်စဉ်ကျင်းပပြုလုပ်မည့် ကျောက်မျက်ပြပွဲနှင့်အပြိုင် ဗြိတိန်ကျောက်မျက်ရတနာကုန်သည်များမှလည်း နိုဝင်ဘာလတွင် ဟောင်ကောင်၌ အလားတူကျောက်မျက်ပြပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ဟောင်ကောင် ကေျာက်မျက်ရတနာကုန်သည်များအသင်း၏ ဝင်‌ငွေများလျော့ကျနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Cheryl Arcibal “Jewellery group sounds warning of rival exhibition” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါ သည်။

အဆိုပါ သတင်းတွင်  ပြပွဲနှစ်ခုကျင်းပပြုလုပ်ခြင်းကြောင့် ပြပွဲသို့ လာရောက်သူအရေ အတွက်ခွဲထွက်သွားနိုင်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် အဖွဲ့ဝင် (၄၀၀)ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသော ဟောင်ကောင်ကျောက်မျက်ရတနာထုတ်လုပ်သူများအသင်း ( Hong Kong Jewellery Manafacturers’Association –HKJMA) မှ အထွေထွေမန်နေဂျာက ပြောကြားခဲ့ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း (၃၀)နှစ်ကတည်းက ဟောင်ကောင် နိုင်ငံတကာကျောက်မျက်ပြပွဲ၏ အဓိကပြပွဲများကို HKJMA က ကြီးမှူး၍ နှစ်စဉ်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊ သို့သော် ယခုနှစ်တွင် HKJMA  က ကြီးမှူး၍ နိုဝင်ဘာလ (၂၅) မှ (၂၈) ရက်နေ့အတွင်း လည်းကောင်း၊ ကြီးမားသည့် Informa Market ဖြစ်သည့် ဗြိတိန်နိုင်ငံမှ ကျောက်မျက်ပြသသူများမှ ကြီးမှူး၍ Jewellery and Gem World ကိုနိုဝင်ဘာလ (၁၆) မှ(၁၉) ရက်နေ့အတွင်းလည်းကောင်း အသီးသီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် HKJMA  က ကြီးမှူး၍ ကျင်းပပြုလုပ်မည့် ပြပွဲသို့ ပါဝင်ပြသရန် လျှောက်ထားသူနည်းပါးသည်ကို တေွ့ရှိရကြောင်း၊ ယခုပြပွဲမှ ရရှိမည့်ဝင်ငွေမှာ ယခင်နှစ်များကရရှိခဲ့သည့် ဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ပြပွဲမှ ဝင်ငွေဟောင်ကောင် ဒေါ်လာ (၂.၅) မီလီယံ၊ ရာခိုင်နှုန်း အားဖြင့် (၂၀) ရာခိုင်နှုန်း လျော့နည်းနိုင်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

၂၀၁၈ ခုနှစ်၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးတွင် ကုန်စည်ပြပွဲ ကဏ္ဍမှ ဟောင်ကောင် ဒေါ်လာ (၅၈) ဘီလီယံ ပါဝင်ကြောင်း၊ သို့သော် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအား ကန့်သတ်ထိန်းချုပ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ စတင်၍ ကုန်စည်ပြပွဲ ကဏ္ဍမှာ ကြိုးစားရုန်းကန် လုပ်ကိုင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပြပွဲနှင့် ကွန်ဖရင့် အစည်းအဝေးများ (၁၄၀) ကျော်အား ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊၂၀၁၈ ခုနှစ်မှ စတင်၍ Informa  မှ ဝယ်ယူခဲ့သည့် ပြပွဲများကြီးမှူးကျင်းပသည့် UBM သည် ယခုနှစ်အတွင်း Jewellery and Gem Asia နှင့် Jewellery Gem World ကျောက်မျက်ပြပွဲတို့အား ဇွန်လနှင့် စက်တင်ဘာလတို့တွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါပြပွဲ (၂) ခုမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-‌၁၉ ကူးစက် ပျံ့နှံ့မှုကြောင့် ခရီးသွားလာမှုများနှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်က ပယ်ဖျက်ခဲ့ရပြီး ယခုနှစ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြပွဲများ ယာယီရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့နှင့် ပတ်သက်၍ ပြောင်းလဲမှုများကို ပြပွဲပြသသူ များအား အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပယ်ဖျက်သည့်ပြပွဲများအတွက် (၆) လ အတွင်း အစားထိုး ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့သော် UBM သည်  ပြပွဲများအား ‌ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့အတွက် ငွေပြန်အမ်းခြင်း မပြုလုပ်ဘဲ HKJMA ကကြီးမှူး၍ ကျောက်မျက်ပြပွဲ ကျင်းပပြုလုပ်မည့် ယခုနှစ်နိုဝင်ဘာလတွင်ကျောက်မျက်ပြပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊အကယ်၍၂၀၂၂ခုနှစ် တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှု ပြီးဆုံးပါက စီးပွား‌ရေးလုပ်ငန်းများအနေဖြင့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရန်မလိုအပ်ဘဲ လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ကုန်စည်ပြပွဲများကျင်းပမည့် Informa ၏ စီးပွားရေးလုပ်ငန်းစံပြပုံစံငယ်ကို ဂယက်ရိုက်စေနိုင်ကြောင်း၊ သို့သော် Informa က ပြောကြားမှု၌ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့်ပြပွဲမှာ ကျောက်မျက်ရတနာလုပ်ငန်းကို ပံ့ပိုးကူညီရန်အတွက်သာ ရည်ရွယ်ထားကြောင်း၊ ဝယ်ယူလိုသူများမှ ၎င်းတို့ထံ ဆက်သွယ်လျက်ရှိသောကြောင့် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအတွက် အရေးကြီးသော ကျောက်မျက်ရတနာများ ရောင်းချနိုင်ရန် အခွင့် အလမ်းကောင်းများ ရရှိနိုင်ကြောင်း၊ အကယ်၍ Jewellery and Gem World Hong Kong အား နိုင်ငံတကာပြပွဲအနေဖြင့် ပြသနိုင်ခြင်း မရှိပါက အကောင်းဆုံး ဖြေရှင်းရန်နည်းလမ်းများ ရှာဖွေရရှိရန် ဝယ်ယူသူများနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)