China (HongKong)

ဟောင်ကောင် အစိုးရမှ စူပါမားကတ်များ၌ဈေးလျှော့ရောင်းရန် အစီအစဉ်သတ်မှတ်ခြင်း

Last Updated:

ဟောင်ကောင်ဒေသရှိ လက်လီအရောင်းဆိုင်များဖြစ်သည့် Wellcome and Parknshop ဆိုင်များမှာ COVID-19 ကာလအတွင်း ရောင်းဝယ်မှုများ ကောင်းမွန်နေသော်လည်း ဒေသအစိုးရမှ အလုပ်သမားများအတွက် လစာသက်သာခွင့်အစီအစဉ်ပထမအဆင့်တွင် ဟောင်ကောင်ဒေါ်လာ (၁၀၀) မီလီယံစီ အသီးသီးရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်း ထပ်မံ ထောက်ပံ့မည့် ဟောင်ကောင်ဒေါ်လာ (၈၁) ဘီလီယံကို ထပ်မံလျှောက်ထားမည်ဆိုပါက ၎င်းဆိုင်များအနေဖြင့် ပြည်သူများအတွက် ပစ္စည်းများကို ဈေးလျှော့ရောင်းချပေးရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၆) လအတွင်း လက်လီရောင်းချမှုမှာ (၃၃) ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း စူပါမားကတ်များမှာ COVID-19 ကာလအတွင်း ရှင်သန်နေနိုင်သော ကဏ္ဍအချို့၌ ပါဝင်ကြောင်း၊ စူပါမားကတ်များ၏ ရောင်းချရမှုများမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် (၁၁.၁) ရာခိုင်နှုန်း၊ မတ်လတွင် (၁၆.၁) ရာခိုင်နှုန်း၊ ဧပြီလတွင် (၁၄.၄) ရာခိုင်နှုန်း၊ မေလတွင် (၇.၃) ရာခိုင်နှုန်းနှင့် ဇွန်လတွင် (၄.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသတွင် အလုပ်သမားများ အလုပ်မှရပ်ဆိုင်း ခံရမှုကြောင့် မိဘများအနေဖြင့် ၎င်းတို့၏ခလေးများ စောင့်ရှောက်ရန်နှင့် စားဝတ်နေရေးအတွက် ပူပမ်နေရရာ အစိုးရအနေဖြင့် လူမှုစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် ငွေသားထောက်ပံ့သည့် ဘောင်ချာများ ဝေမျှသင့်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denis Tsang Jack Lau တို့က “ Government supermarket discount scheme under fire” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)