China (HongKong)

ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့သည် စီးပွားရေးကျဆင်းမှုကြောင့် စီးပွားရေးလုပ်ကိုင်သည့် အဆောက်အဦများအတွက် နည်းဥပဒေများဖြေလျော့ပေးခြင်း

Last Updated:

COVID-19 ကြောင့်  စီးပွားရေးကျဆင်းလျက်ရှိရာ ဆယ်ရာစုနှစ်ကျော်အတွင်း ငွေကြေးအာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority- HKMA)မှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် အဆောက်အဦများအတွက် ငွေကြေးနည်းဥပဒေများ ပထမဆုံးအကြိမ် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း၊ လူနေအိမ်ယာများ မဟုတ်သည့် စီးပွားရေးလုပ်သည့် အဆောက်အဦများအတွက် ချေးငွေ (၄၀) မှ (၅၀) ရာခိုင်နှုန်းအထိ ထုတ်ချေးပေးရန် ဘဏ်များကို ဗဟိုဘဏ်မှ ခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ ရုံးများ၊ စက်ရုံများနှင့် လက်လီအရောင်းဆိုင်များအတွက် အကျုံးဝင်မည်ဖြစ် ကြောင်း၊ ဟောင်ကောင်ဒေသ၏ ဂျီဒီပီမှာ  ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တွင် (၉.၁) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး၊ ဒုတိယလေးလပတ်တွင် (၉) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ နိုင်ငံရေး၊ ကျန်းမာရေး အကြပ်အတည်းများကြောင့် ဟောင်ကောင်ဒေသ လူနေအိမ်ယာများအတွက်လည်း ဖိအားများ ရှိနေကြောင်း၊၂၀၁၉ ခုနှစ်၊ မေလမှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း လူနေအိမ်ရာများ မဟုတ်သည့်ဆိုင်ခန်း ဈေးနှုန်းမှာ(၁၀)မှ (၁၅) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း၊ဟောင်ကောင် ဒေသရှိ အကြီးဆုံးဘဏ်များဖြစ်သည့် HSBC နှင့် Bank of China (BOC) ဘဏ်တို့မှလည်း ဒေသစီးပွားရေးကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ ယခုပြောင်းလဲဖြေလျှော့သည့် နည်းဥပဒေဖြင့် ဆောင်ရွက်မှုတွင် လူနေအိမ်ခန်းများမှလွဲ၍ စီးပွားဖြစ်ဈေးဆိုင်ခန်းများနှင့် ကားရပ်နားစခန်းများအတွက် လည်း အကျုံးဝင်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch You က “ HKMA eases commercial property mortgage rules as recession bites” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)