China (HongKong)

ဟောင်ကောင်ဒေသဈေးကွက်ရှိ ကော်ဖီအမျိုးအစား (၄၇) မျိုး၌ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သောပစ္စည်းများ ပမာဏအများအပြား ပါဝင်လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသဈေးကွက်၌ ကော်ဖီအမျိုးအစား (၄၉) မျိုးအား စစ်ဆေးခဲ့ရာတွင် (၄၇) မျိုး၌ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော ပစ္စည်းများ ပမာဏအများအပြား ပါဝင်လျက်ရှိကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ စားသုံးသူရေးရာကောင်စီမှ ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် Taster’s Choice (Nestle) ၌ ကော်ဖီတစ်ကီလိုဂရမ်လျှင် ကင်ဆာ ရောဂါဖြစ်ပွားစေနိုင်သော ပစ္စည်း (၇၉၀) မီလီဂရမ် ပါဝင်လျက်ရှိရာ များပြားသည့်ပမာဏဖြစ်ကြောင်း၊ သို့‌သော် အဆိုပါ ပါဝင်သည့် ပမာဏမှာ အီးယူ၏ စံသတ်မှတ်ချက်‌ပမာဏအောက် လျော့နည်းဆဲဖြစ်ကြောင်း၊ ကင်ဆာရောဂါနှင့် အာရုံကြောရောဂါ ဖြစ်ပွားစေနိုင် သော Acrylamide သည် အစားအစာများ၌ မြင့်မားသည့် အပူချိန်တွင် Reducing Sugar နှင့် Free Amino Acids တို့မှ ထွက်ပေါ်လာ သော ညစ်ညမ်းပစ္စည်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလမှ ဇွန်လအတွင်း ကော်ဖီအမျိုးအစား (၄၉) မျိုးအား စမ်းသပ်ခဲ့ရာ The coffee Academics (TCA House Blend Speciality Coffee Capsules –medium roast) နှင့် OPAL Coffee (Toraja Drip Coffee) အစရှိသည့် ကော်ဖီအမျိုးအစား (၂) မျိုး၌သာလျှင် Acrylamide မပါဝင်ကြောင်း၊Coffee Beans နမူနာ (၁၀) ထုပ် အားစစ်ဆေးခဲ့ရာ တွင် Acrylamide (၇၁) မီလီဂရမ်မှ (၂၂၀) မီလီဂရမ်အထိလည်းကောင်း၊ coffee capsules (၈) ခုအား စစ်ဆေးခဲ့ရာတွင် Acrylamide (၅၃) မီလီဂရမ်မှ (၂၃၀) မီလီဂရမ်အထိလည်းကောင်း၊ coffee powder (၁၅) မျိုးအား စစ်ဆေးခဲ့ရာတွင် Acrylamide  (၁၀၀) မီလီဂရမ်မှ (၂၃၀) မီလီဂရမ်အထိလည်းကောင်း အသီးသီးပါဝင်သည်ကို တွေ့ရှိခဲ့ကြောင်း၊ သို့သော် Roasted Coffee နှင့် Instant Coffee အမျိုးအစားအားလုံးတွင် ပါဝင်သည့် ပမာဏများမှာ အီးယူ၏ စံသတ်မှတ်ချက်ဖြစ်သည့် တစ်ကီလိုဂရမ်လျှင် Acrylamide ပါဝင်မှု ၄၀၀ မှ ၈၅၀ မီလီဂရမ်အထိ သတ်မှတ်ချက်အတွင်း ပြည့်မီသည်ကို တွေ့ရှိရကြောင်း၊ Instant Coffee များတွင် Acrylamide မြင့်မားစွာပါဝင်လျက်ရှိသည်ကို တွေ့ရှိရပြီး တစ်ကီလိုဂရမ်လျှင် Acrylamide (၁၆၀) မှ (၇၉၀) မီလီဂရမ်အထိ ပါဝင် သော်လည်း အီးယူ၏ စံသတ်မှတ်ချက်အောက်တွင် ပါဝင်ဆဲဖြစ်ကြောင်း၊ ကော်ဖီအမျိုးအစား တူညီလျှင်ပင် Acrylamide ပါဝင်မှု မတူ ညီသည်ကို‌ လေးကြိမ်နှင့်အထက် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အခြားသောအန္တရာယ်ဖြစ်စေသောပစ္စည်းများနှင့် ပိုးသတ်ဆေးများ ပါဝင်မှု စစ်ဆေးခဲ့ရာ၌ ကော်ဖီအမျိုးအစား (၄၉) မျိုးတွင် UCC (GOLD SPECIAL-Rich Blend)၊ "The Coffee Academics" (TCA House Blend Specialty Coffee Capsules-medium roast) နှင့် "M&S Food" (Italian Style Instant Coffee-Dark Roast 4-freeze dried) အစရှိသည့် (၃) မျိုး၌သာလျှင် တွေ့ရှိမှုမရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

နမူနာကော်ဖီ (၄၅) မျိုး၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် ပုံမှန်အားဖြင့် တွေ့ရှိရသော ပိုးသတ်ဆေး Folpet ကို ကော်ဖီ တစ်ကီလိုဂရမ်လျှင် Folpet (၀.၀၆) မှ (၀.၇၈) အထိပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ကော်ဖီအမျိုးအစား (၃၈) မျိုးမှာ European Food Safety Authority (EFSA) ၏ စံသတ်မှတ်ချက်ဖြစ်သော ကော်ဖီတစ်လိုဂရမ်လျှင် အမြင့်ဆုံးပါဝင်နှုန်း (၀.၁) မီလီ ဂရမ်ထက် ပိုမိုပါဝင်လျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ နမူနာကော်ဖီ (၁၃) မျိုးတွင် 2- Phenylphenol ပါဝင်မှုနှုန်းမှာ ကော်ဖီ တစ်ကီလိုဂရမ်လျှင် (၀.၀၁) မှ (၀.၁၀) မီလီဂရမ်အထိပါဝင်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါကော်ဖီ (၁၃)မျိုးမှ MAXIM-freeze dried coffee ၌ EFSA ၏ စံသတ်မှတ်ချက်ထက် ပိုမိုပါဝင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ Instant Coffee (၁၀၀) မီလီ ဂရမ်လျှင် Caffeine ဓါတ် အမြင့်ဆုံးအနေဖြင့် (၂၁၈၈) မှ (၄၃၁၆) မီလီဂရမ်အထိ ပါဝင်ပြီး အခြားသော ကော်ဖီအမျိုးအစားများတွင် (၁၁၁၇) မှ (၂၃၈၀) မီလီဂရမ်အထိ ပါဝင်ကြောင်း၊ Segafredo Coffee (Espresso Casa roasted ground coffee) ၌ Caffeine (၂၂၁) မီလီဂရမ်ပါဝင်ကြောင်း၊ အရွယ်ရောက်သူများအနေဖြင့် တစ်ရက်လျှင် ကော်ဖီ (၂) ခွက် ၊ Caffeine ဓါတ်အနေဖြင့် (၄၀၀) မီလီဂရမ် ထက်ကျော်လွန်၍ မသောက်သင့်ကြောင်း၊ Coffee Beans (၃) မျိုး၊ Coffee Capsule (၁) မျိုး၊ Coffee Powder (၂) မျိုးနှင့် Instant Coffee (၄) မျိုးအစရှိသည့် ကော်ဖီ (၁၀) မျိုးတွင် ကော်ဖီတစ်ကီလိုဂရမ်လျှင် ခဲသတ္တု (၀.၀၀၈) မှ (၀.၀၃၉) မီလီဂရမ်အထိလည်း ကောင်း၊ တစ်ချိန်တည်းမှာပင် နမူနာ စစ်ဆေးခဲ့သည့် ကော်ဖီ (၅)မျိုးတွင် တစ်ကီလိုဂရမ်လျှင် သံဖြူဒြပ်စင် (၀.၀၃၉) မှ (၀.၄၀၄) မီလီဂရမ်အထိလည်းကောင်း ပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ သို့သော် အဆိုပါ ပါဝင်သည့်ပမာဏမှာ Food Adulteration (Metallic Contamination) Regulations ၏ အမြင့်ဆုံးသတ်မှတ်ချက်အောက်တွင် ပါဝင်လျက်ရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထား ပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (17-1-2022)

Category: China (HongKong)