China (HongKong)

ဟောင်ကောင်ဒေသ၌ စားသောက်ကုန်များ မထုတ်လုပ်နိုင်သည့် အကြောင်းအရာများ

Last Updated:

ဟောင်ကောင်ဒေသသို့ အခြားနိုင်ငံများမှ စားသောက်ကုန်များအား ပင်လယ်ရေကြောင်းလမ်း၊ လေကြောင်းလမ်းတို့မှ တင်သွင်း လာခြင်းအစား ဒေသနှင့် မိုင် (၁၀၀) အကွာအဝေးအတွင်း၌ တည်‌ရှိသော စားသောက်ကုန်များအား သယ်ယူပါက ကာဗွန်ထုတ် လုပ်မှုအား လျှော့ချနိုင်ခြင်း၊ သိုလှောင်ထားစဉ်တွင် သစ်သီးများမှည့်သွားနိုင်မှုမရှိခြင်းနှင့် လတ်ဆတ်သောအစားအစာများ စားသုံး ခြင်းဖြင့် အာဟာရဓါတ် ပိုမိုရရှိနိုင်ခြင်း၊ ပိုမိုကောင်းမွန်သည့် အရသာနှင့် ကျန်းမာရေးနှင့်ကိုက်ညီမှုရှိနိုင်သဖြင့် 100-mile diet” ကို လိုက်နာဆောင်ရွက်သင့်သည်ဟု အကြံပြုပြောကြားထားကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်ဒေသအတွင်း၌ စိုက်ပျိုးထုတ်လုပ်သော စားသောက်ကုန်များကို ပိုမိုစားသုံးရန်လိုအပ်ကြောင်း၊ သို့သော် ဟောင်ကောင်ဒေသရှိ လူဦးရေ (၇.၅) သန်းအတွက် စိုက်ပျိုးထုတ်လုပ် နိုင်သောမြေ လုံလောက်စွာမရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ထုတ် South China Moring Post သတင်းစာ၌ “Why the Local food movement cannot work in Hong Kong” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ဟောင်ကောင်ဒေသ မြို့ပြနှင့် အလှမ်းဝေးသော နေရာများ၌ မြေမဲ့စိုက်ပျိုးသော ဟင်းသီးဟင်းရွက်၊ ဆန်နှင့် စတော်ဘယ်ရီစိုက်ခင်း အသေးစားများနှင့် မြို့ထဲရှိ အိမ်ခေါင်မိုးများပေါ်တွင် စိုက်ပျိုးသော စိုက်ခင်းများသာရှိကြောင်း၊  သို့သော် လက်တွေ့တွင် အဆိုပါစိုက်ပျိုးသည့် ပမာဏမှာ အများအပြားမရှိဘဲ လျော့ကျလျက်ရှိကြောင်း၊ အဆိုပါ စိုက်ခင်းများမှာ စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် မိသားစုများ လာရောက်အပန်းဖြေရန်အတွက် ပိုမိုကောင်းမွန်ရာ စားသောက်ကုန်များ လုံလောက်စွာ အများအပြားရရှိရန် အဓိကအရင်းအမြစ်မဟုတ်ကြောင်း၊ ဒေသရှိ အချို့သောစားသောက်ဆိုင်များနှင့် စားဖိုမှူးများ မှာ သဘာဝစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း စားသောက်ဆိုင်များ၌သာ ကာလတိုအတွင်း ရောင်းချရန်အတွက်သာ စိုက်ပျိုး ထားပြီး စီးပွားဖြစ် အများအပြားထုတ်လုပ်ရောင်းချရန် လုံလောက်မှုမရှိကြောင်း၊ ဟင်းသီးဟင်းရွက်များအပြင် အမဲသားနှင့် ဝက် သားအနည်းငယ်အား ထုတ်လုပ်သော်လည်း ဝက်နှင့် နွားကောင်ရေအရှင်အရေအတွက်မှာ ရှားပါးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်ဒေသအတွင်း၌ ထုတ်လုပ်သော စားသောက်ကုန်များကို အဓိကထားစားသုံးရန်မှာ မဖြစ်နိုင်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဟောင်ကောင်ဒေသသို့ တင်သွင်းသော ကုန်ပစ္စည်းများ ပြတ်လပ်ခဲ့မှုကြောင့် ဒေသအနေဖြင့် သွင်းကုန်များအပါ် မှီခိုအားထားနေရသည်ကို ပြသလျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကမ္ဘာတစ်ဝန်းမှ ကုန်ပစ္စည်း များကို တင်သွင်းလျက်ရှိကြောင်း၊ ပြင်သစ်၊ အီတလီ၊ လက်တင်အမေရိကနှင့် တောင်အာရှတို့မှ တင်သွင်းလျက်ရှိကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံမှ ဒူးရင်းသီး အများအပြားတင်သွင်းလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံမှလည်း တင်သွင်းလျက်ရှိကြောင်း၊ ဝီစကီကိုလည်း စကော့တလန်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း၊ မက္ကစီကိုနိုင်ငံမှ ထောပတ်သီး၊ အိန္ဒိယနိုင်ငံမှ သရက်သီးနှင့် ဩစတြေးလျနိုင်ငံရှိ တက်စမေးနီးယားကျွန်းမှ ချယ်ရီသီးများတင်သွင်းလျက်ရှိကြောင်း၊ ဒေသတွင်း၌ ထုတ်လုပ် သည့် စားသောက်ကုန်များ စားသုံးရန်မှာ အကြံကောင်းဖြစ်သော်လည်း ဟောင်ကောင်ဒေသအတွက် လက်တွေ့ကျမှုမရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Moring Post  (15-4-2022)

Category: China (HongKong)