China (HongKong)

ဟောင်ကောင်ဒေသ၌ ခြောက်လကြာဆန္ဒပြမှုကြောင့် ဟောင်ကောင်၏စီးပွားရေးအား ထိခိုက် လျှက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့်လည်း ထိတ်လန့်လျှက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသသည် တရုတ်၊ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့် ဟောင်ကောင်ဒေသ တွင်း ဆန္ဒပြမှုများကြောင့် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေး ကျဆင်းမှုဖြစ်ခဲ့ကြောင်း၊ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့်လည်း ကျဆင်းမှုများဖြစ်ပေါ်လျှက်ရှိ ကြောင်း၊ အစိုးရဆန့်ကျင် ဆန္ဒပြမှုကြောင့် ၂၀၁၉ ခုနှစ်က စီးပွားရေး ၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ခရီးသွားဧည့်သည်များလာရောက်မှု ကျဆင်းခဲ့ကြောင်း၊ စတုတ္ထလေးလပတ်တွင် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒပြမှုများ လျော့ကျကာ တရုတ်နှင့် အမေရိကန် အကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာနိုင်ခြေရှိသော ကြောင့် စီးပွားရေးပိုမိုကောင်းမွန်လာရန်မျှော်လင့်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် စီးပွားရေးတိုးတက်မှုအပေါ် လွှမ်းမိုးမှုရှိနိုင် ကြောင်း၊ ယခုလက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် အစိုးရရုံး ဝန်ထမ်းများအား နေအိမ်မှ ရုံးလုပ်ငန်းများဆောင်ရွက်စေခြင်း၊ ကုမ္ပဏီများအားလည်း အလားတူ အိမ်မှလုပ်ငန်းများ လုပ်ကိုင်စေရန်နှင့် ကျောင်းများအားလည်း ပိတ်ထားရန် ဟောင်ကောင်အစိုးရမှ ညွှန်ကြားထားကြောင်း၊ လက်လီအရောင်းဆိုင်အချို့၊ ပန်းခြံများနှင့် ယဉ်ကျေးမှုနယ်မြေအားလည်း ပိတ်ထားကြောင်း၊ ပြည်သူများမှာလည်း မျက်နှာဖုံးများဝတ်၍ သွားလာနေကြကြောင်း၊ ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနိုင်ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ Sars ရောဂါ ဖြစ်ပွား ခဲ့စဉ်က ၇၇၄ ဦးအားကူးစက်ပြီး ၂၈၀ ဦးသေဆုံးခဲ့မှုသည် ဟောင်ကောင်ပြည်သူများအား သတိပေးနေကြောင်း၊ Sars ရောဂါဖြစ်ပွားခဲ့မှုကြောင့် ဟောင်ကောင်၏ စီးပွားရေးကို ၀.၅ ရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း၊ ဆန္ဒပြမှုများကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများ ဒီဇင်ဘာလတွင် ပြန်လည် ဦးမော့လာ နိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်ပူပန်ရလျှက်ရှိကြောင်း၊ ဟောင်ကောင်သို့ လာရောက်လည်ပတ်သည့် တရုတ်ပြည်မကြီးမှ မြို့ပေါင်းများစွာအား ကူးသန်းသွားလာမှု ပိတ်ထားခြင်းနှင့် ဟောင်ကောင်ဒေသနှင့် တရုတ်နယ်စပ် ဂိတ်များအား ပိတ်လိုက်သောကြောင့် ခရီးသွားလုပ်ငန်းမှာလည်း ကျဆင်းနိုင်ကြောင်း၊ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လက်လီရောင်းဝယ်မှုများကို ထိခိုက်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ဂျီဒီပီအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း၊ စူပါမားကတ်များနှင့် ဆေးဆိုင်များတွင် ရောင်းချရမှုမြင့်မားလာ နိုင်သော်လည်း၊ ရှော့ပင်းစင်တာများနှင့် နာမည်ကြီးတံဆိပ်များရောင်းချသည့် လုပ်ငန်းများတွင် ရောင်းချရမှုကျဆင်းနိုင်ကြောင်း၊ Goldman Sachs က ခန့်မှန်းရာတွင် စီးပွားရေးမှာ ပထမ လေးလပတ်တွင် ၅.၆ ရာခိုင်နှုန်းခန့်နှင့် ဘဏ်လုပ်ငန်းများမှလည်း ၅ ရာခိုင်နှုန်းခန့် လျော့ကျ နိုင်သည်ဟုခန့်မှန်းထားကြောင်း၊ တရုတ်နှစ်သစ်ကူးအပြီးတွင် လုပ်ငန်းများပြန်လည်လုပ်ကိုင် လာကြပြီ ဖြစ်သောကြောင့် စီးပွားရေးအပေါ် မည်မျှထိခိုက်မည်ကို ယခုအချိန်တွင် ပြော၍မရသေးကြောင်း၊ သို့သော်အစိုးရဌာနများနှင့် ကျောင်းများ၊ အများပြည်သူဆိုင်ရာ ပန်းခြံများ၊ ကစားကွင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းအချို့မှာ ပိတ်ထားသေးကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ က CNN Business ၌ Joshua Berlinger က ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)