China (HongKong)

ဟောင်ကောင်ဒေသ၌ အချို့သော ဆန်ခေါက်ဆွဲခြောက်ထုပ်များတွင် ကင်ဆာဖြစ်ပွားစေနိုင်သောပစ္စည်း အနည်းငယ်ပါဝင်လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ အချို့သောဆန်ခေါက်ဆွဲခြောက်ထုပ် သုံးပုံတစ်ပုံတွင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော ပစ္စည်းအနည်းငယ် ပါဝင်လျက်ရှိသည်ကို ဟောင်ကောင်စားသုံးသူ‌ရေးရာကောင်စီမှ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ဆန်ခေါက်ဆွဲခြောက်များဖြစ်သည့် ကြာဇံ၊ ဆန် ခေါက်ဆွဲခြောက်အပြား၊ တရုတ်ဆန်ခေါက်ဆွဲခြောက်၊ ထိုင်းဆန်ခေါက်ဆွဲခြောက်၊ ကိုရီးယားဆန်ခေါက်ဆွဲခြောက်နှင့် လတ်ဆတ်သောဆန်ခေါက်ဆွဲ နမူနာ (၂၀) မှ (၃၀) ခု အကြား စစ်တမ်းကောက်ယူခဲ့ရာ ၈၀% ကျော်တွင် သတ္တုပစ္စည်းများတွေ့ရှိခဲ့ကြောင်း၊ စစ်တမ်းကောက်ယူခဲ့သည့် ဆန်ခေါက်ဆွဲနမူနာ (၉) ခု တွင် ကင်ဆာဖြစ်ပွားစေနိုင်သော inorganic arsenic ကိုလည်းကောင်း၊ နမူနာ (၂၄) ခုတွင် သံဖြူကဲ့သို့ ပြာလဲ့လဲ့အဖြူရောင်ရှိသော ဓါတုဒြပ်စင် (Cadmium) ကိုလည်းကောင်းနှင့် နမူနာ (၁၄) ခုတွင် ခရိုမီယံဓါတ်သတ္ထု (Chromium) ကိုလည်းကောင်း အသီးသီး တွေ့ရှိခဲ့ကြောင်း၊ သတ္ထုဒြပ်စင်များပါဝင်သည့်မြေတွင် စိုက်ပျိုးထားသောဆန်အား အသုံးပြု၍ ထုတ်လုပ်ထားသော ခေါက်ဆွဲများ တွင် သတ္ထုဒြပ်စင်များပါဝင်မှု မြင့်မားမည်ဖြစ်ကြောင်း၊ ဆန်ခေါက်ဆွဲနမူနာ (၁၇) ထုပ်တွင် ကုန်ပစ္စည်းတွင်ပါဝင်သည့် အာဟာရ ဓါတ်အညွှန်းများ ရေးသားခြင်းနှင့်ပတ်သက်၍  Centre for Food Safety’s အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဆန်ခေါက်ဆွဲနမူနာ (၂) ခုတွင် Gluten အားတွေ့ရှိခဲ့ပြီး ခံနိုင်ရည်မရှိသောသူများ စားသုံးမိပါက အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ လည်ချောင်းနာခြင်းနှင့် နှင်းခူရောဂါတို့ ဖြစ်ပွားစေနိုင်ကြောင်း၊ သို့ဖြစ်ရာ ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ကုန်ပစ္စည်းများတွင် ပါဝင်သည့်ပစ္စည်းများ၏ အာဟာရဓါတ်ဆိုင်ရာ အချက်အလက်များကို ပုံမှန်စစ်ဆေးသင့်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆန်အမျိုးအစားမတူညီခြင်း၊ စိုက်ပျိုးသည့် ပင်ရင်းဒေသနှင့် ရာသီဥတု အစရှိသည့် မတူညီသည့်အချက်များမှလည်း ဆန်ခေါက်ဆွဲ များတွင် အဓိကပါဝင်သည့် အာဟာရဓါတ်ပမာဏအပေါ် သက်ရောက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်ရာ ဆန်ခေါက်ဆွဲ ထုတ် လုပ်သူအနေဖြင့် ၎င်းထုတ်လုပ်ရန် အသုံးပြုသည့် ဆန်ကုန်ကြမ်းစိုက်ပျိုးရာ ပင်ရင်းဒေသ (သို့မဟုတ်) ရာသီဉတုပြောင်းလဲမှု ပြင်းထန်သည်ကို သိရှိပါက အဟာရဓါတ်ပါဝင်မှုအညွှန်း ဖော်ပြနိုင်ရန် စစ်ဆေးမှုများ မကြာခဏပြုလုပ်သင့်ကြောင်း၊ စားသုံးသူ များအနေဖြင့်လည်း ဆန်ခေါက်ဆွဲများတွင် ဆိုဒီယံပါဝင်မှုကို သတိထားသင့်ကြောင်း၊ အရွယ်ရောက် လူတစ်ဦးအတွက် တစ်နေ့လျှင် ဆိုဒီယံ (၂,၀၀၀) မီလီဂရမ်အောက်သာ စားသုံးသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြု ထုတ်ပြန်ထားကြောင်း၊ ဆန် ခေါက်ဆွဲနမူနာ (၂၈) ခုတွင် ဆားပါဝင်မှုအား ဖော်ပြထားခြင်းမရှိကြောင်း၊ ဆန်ခေါက်ဆွဲ နမူနာ (၃) ခုတွင် ဆားပါဝင်မှုမှာ (၂၁၅) မီလီဂရမ်မှ (၄၂၂) မီလီဂရမ်အကြား ပါရှိရာ ဆားပါဝင်မှုမြင့်မားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စားသုံးသူများအနေဖြင့် ဆန်ခေါက်ဆွဲခြောက်ထုပ်များတွင် ဖော်ပြထားသည့် ပါဝင်ပစ္စည်းများစာရင်းနှင့် အာဟာရဓါတ်ဆိုင်ရာ အညွှန်းစာများကို စစ်ဆေး သင့်ကြောင်း၊ အစာချေဖျက်သည့်စနစ် အားနည်းသူများအနေဖြင့် ကစီဓါတ်မပါဝင်သည့် ဆန်ခေါက်ဆွဲများကို ရွေးချယ်စားသုံးသင့် ကြောင်း၊ ဆိုဒီယံဓါတ်အများအပြား စားသုံးမှုမှ ရေှာင်ရှားနိုင်ရန် ခေါက်ဆွဲပြုတ်စားသုံးရာတွင် ဟင်းခတ်အမွှေးအကြိုင်များ၊ အချဉ် များနှင့် စွပ်ပြုတ်များ သောက်သုံးခြင်းများကို ရေှာင်ရှားသင့်ကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard News (16-2-2022)

Category: China (HongKong)