China (HongKong)

ဟောင်ကောင်ဒေသ၌ အားလပ်ရက်ပိတ်ရက်များအတွင်း SHKP malls များ၌ ကုန်ပစ္စည်း ရောင်းချရမှုများ (၆၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း

Last Updated:

ဟောင်ကောင်ဒေသရှိ Sun Hung Kai အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်သည့် ကုန်တိုက်များတွင် အမေများနေ့နှင့် ဗုဒ္ဓမွေးနေ့ အားလပ်ရက်ပိတ်ရက်များတွင် ကုန်ပစ္စည်းရောင်းချရမှုများ (၆၀) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီးနောက် အမေများနေ့နှင့် ဗုဒ္ဓမွေးနေ့ အပါအဝင် ရက်သတ္တပတ်အားလပ်ရက် ပိတ်ရက်များအတွင်း Sun Hung Kai အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်သည့် ကုန်တိုက် (၅၀) ခုအနက် World Trade Centre နှင့် Amp ကုန်တိုက်အပါအဝင် ကုန်တိုက် (၂၇) ခုတို့တွင် ဝယ်ယူသူများလာရောက်မှု (၄၀) ရာခိုင်နှုန်းနှင့် ကုန်ပစ္စည်းရောင်းချမှု (၆၀) ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း၊ အမေများနေ့တွင် ရောင်းချမှု (၉၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပဉ္စမလှိုင်းဖြစ်ပွားမှု မတိုင်မီ ရောင်း ချမှုပမာဏသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စားသောက်ဆိုင်များ၊ ကိတ်မုန့်အရောင်းဆိုင်များနှင့် ကျောက်မျက်လက်ဝတ်ရတနာ ရောင်းချမှုများ မြင့် တက်ခဲ့ကြောင်း၊ အမေများနေ့တွင် စားသောက်ဆိုင်များ၌ သွားရောက်စားသောက်မှုများ မြင့်တက်ခဲ့မှုကြောင့် ကုန်တိုက်များတွင် လူများသွားလာမှု များပြားပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ရက်သတ္တပတ်မှစတင်၍ စားသောက်ဆိုင်များ၌ စားပွဲ တစ်ဝိုင်းလျှင် လူဦးရေ (၈) ဦးအထိ ထိုင်၍ စားသောက်ခွင့်ပြုခဲ့ခြင်းနှင့် Consumption Coupons များ ဖြန့်ဝေခဲ့ခြင်းကြောင့် လက်လီရောင်းချမှုများ နှင့် စားသောက်ကုန်လုပ်ငန်းများအတွက် ရောင်းချမှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

Sun Hung Kai အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်သည့် East Point City ၊ Harbour North နှင့် Park Central အပါအဝင် အခြားသောကုန်တိုက် (၁၂) ခုတွင် လည်း ဝယ်ယူသူများလာရောက်မှု (၁၀) ရာခိုင်နှုန်းနှင့် ရောင်းချမှု (၁၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်က ရောင်းချမှု ထက်ကျော်လွန်၍ မေလတွင် (၁၅) ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ ကုန်တိုက် (၁၂) ခုတွင် အရောင်းမြှင့်တင်ခဲ့မှုများနှင့် Consumption Vouchers များသည် ဟောင်ကောင်ဒေသရှိ စီးပွားလုပ်ငန်းများတိုးတက်ရန်နှင့် ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကျဆင်းခဲ့သည့် စားသုံးမှုများကို ဒုတိယ သုံးလပတ်နှင့် တတိယသုံးလပတ်တို့တွင် ပြန်လည်မြင့်တက်ရန် ကုန်သည်များအား ပံ့ပိုးကူညီရာရောက်မည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (10-5-2022)

 

Category: China (HongKong)