China (HongKong)

ဟောင်ကောင်ဒေသ၌ Ant Bank မှအခက်အခဲမရှိ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ခြင်း

Last Updated:

Ant Group ၏ အွန်လိုင်းဘဏ်လုပ်ငန်း ဘဏ်ခွဲတစ်ခုဖြစ်သည့် Ant Bank (Hong Kong) သည် ဟောင်ကောင်ဒေသ၌ စတင်လုပ်ကိုင်မည့် (၆) ခုမြောက် ဘဏ်ခွဲဖြစ်ပြီး AlipayHK နှင့် ပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူ (၂) မီလီယံအတွက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း၊ ဘဏ်ငွေအပ်သူများအားလည်း အတိုးနှုန်းမြင့်မားစွာ ပေးလျှက်ရှိကြောင်း၊ ဟောင်ကောင်ဒေါ်လာ (၂၀,၀၀၀) အထိ အပ်နှံသူများအား အတိုးနှုန်း (၂.၅) ရာခိုင်နှုန်းနှင့် ဟောင်ကောင်ဒေါ်လာ (၂၀၀၀၁) မှ (၅၀၀,၀၀၀) အထိ အပ်နှံသူများကို အတိုးနှုန်း (၁) ရာခိုင်နှုန်းစီ ပေးသွားမည်ဖြစ်ကြောင်း၊ Ant Group သည် ၂၀၁၅ ခုနှစ်မှ စတင်လုပ်ကိုင်နေသည့် ပထမဦးဆုံး အွန်လိုင်း ဘဏ် လုပ်ငန်းဆောင်ရွက်နေသည့် တရုတ်ပြည်မကြီးရှိ MYbank ကုမ္ပဏီနှင့်လည်း လုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ AlipayHK နှင့် ပူးပေါင်း ဆောင်ရွက်ထားရာ Ant Bank Account များ လွယ်ကူစွာ ဖွင့်လှစ်အသုံးပြုနိုင်ရန် e-wallet’s mini apps ကို အသုံးပြုရန် ခွင့်ပြုထားမည်ဖြစ်ကြောင်း၊ AlipayHK နှင့် ဖက်စပ်လုပ်ကိုင်နေသည့် Ant Group နှင့် Li Ka-shing’s CK Hutchison Holdings သုံးစွဲသူများအား ဟောင်ကောင်ဒေသရှိ စားသောက်ဆိုင်များ နှင့် ကုန်သည်များကို e-wallet app အားကျယ်ပြန့်စွာအသုံးပြုခွင့်ပြုထားကြောင်း၊ ဟောင်ကောင်ဒေသ၌ Fintech နည်းပညာဝန်ဆောင်မှုများတိုးတက်ရန်နှင့် ဒေသခံပြည်သူများအား ‌ရွေးချယ်မှုအသစ်များပြုလုပ်နိုင်ရန် Ant Bank ကို ဖွင့်လှစ်တည်ထောင်ခြင်းဖြစ်ကြောင်း၊ Ant Bank သည် ဟောင်ကောင်ဒေသ၌ ငွေကြေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် အောင် မြှင့်တင်လုပ်ကိုင်သွားရန်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားလျှက်ရှိပြီး Ant Group ၏အောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊  ယခုရက်သတ္တပတ်အတွင်း ဟောင်ကောင်စတော့ရှယ်ယာ စာရင်းကော်မတီသည် ရှန်ဟိုင်းငွေကြေးလဲလှှယ်သည့်စင်တာမှ လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်သော Ant Group ၏ ကြီးမားသည့် စာရင်း အပလီကေးရှင်းကို စစ်ဆေးမည်ဖြစ်ကြောင်း၊ Ant Bank သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) များအတွက် ဒစ်ဂျစ်တယ်လ်စနစ်ကို အဓိက ထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ Alibaba  Group Holdings ၏ စီးပွားရေးစနစ်များကို အတူတစ်ကွ လိုက်ပါဆောင်ရွက်နိုင်ရန် e-commerce ဖြင့် လုပ်ကိုင်လျှက်ရှိ သည့် စီးပွားရေးသမားကုန်သည်များအတွက် ဝန်ဆောင်မှုများပေးနိုင်စေရန်အလို့ငှာ ငွေကြေးကုန်သွယ်မှုဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (၂၉-၉-၂၀၂၀)

Category: China (HongKong)