China (HongKong)

ဟောင်ကောင်ဒေသ၏ ငွေကြေးရန်ပုံငွေများ ခွဲဝေပံ့ပိုးမှုမှာ အဓိကအချက်ဖြစ်သည်ဟု ပြောကြား

Last Updated:

ဟောင်ကောင်ဒေသ၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပဉ္စမလှိုင်းကြောင့် စီးပွား‌ရေးအပေါ် ရိုက်ခတ်မှုများ ဖြစ်ပွားစေနိုင်ကြောင်း၊ သို့ ဖြစ်ရာ ဟောင်ကောင်ဒေသ၏ ငွေကြေးရန်ပုံငွေများကို ခွဲဝေချထားပြီး ပြင်းထန်သော ရိုက်ခတ်မှုခံရသည့် စီးပွားရေးလုပ်ငန်းများကို သင့်လျော်သောပံ့ပိုးမှုများ ပေးသွားရန်မှာ အဓိကအချက် ဖြစ်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr. Paul Chan Mo-po ကပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသတွင်း၌ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး‌ အစားအစာနှင့် အဖေျာ်ယမကာရောင်းချသော လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ထိခိုက်သော စီးပွားရေးလုပ်ငန်းများအတွက် ဒေသအစိုးရ၏ သက်သာခွင့်‌ပေးသည့်အစီအစဉ် ထပ်မံပံ့ပိုးပေးရန် တောင်းဆိုခဲ့ပါသည် ထိုသို့ တောင်းဆိုခဲ့ပြီးနောက် ဟောင်ကောင်ဒေသ၏ ငွေကြေးရန်ပုံငွေများ ခွဲဝေပံ့ပိုးမှုမှာ အဓိကအချက်ဖြစ်သည်ဟု Mr. Chan က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအစိုးရ၏ ၂၀၂၂ ခုနှစ် စီးပွားရေးခန့်မှန်းချက်နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါ ရီလတွင်ကျင်းပပြုလုပ်မည့် နှစ်စဉ်ဘဏ္ဍာရေးစီမံချက် ရှင်းလင်းပြောကြားမှုတွင် ထည့်သွင်းပြောကြားနိုင်ရန် မျှော်မှန်းထားကြောင်း၊ ဟောင်ကောင်ဒေသ ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ငွေကြေးကွင်းဆက်တွင် ကြန့်ကြာနေမှုများနှင့် အနောက်နိုင်ငံများမှ ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒဆိုင်ရာ ပြောင်းလဲမှုများနှင့်ပတ်သက်၍လည်း တာဝန်ယူ ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် လောင်စာဆီများနှင့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းများကြောင့် စီးပွားရေးကဏ္ဍတွင် မသေချာမရေမှုများနှင့်ပတ် သက်၍ ဟောင်ကောင်ဒေသ၏ စီးပွားရေးခန့်မှန်းချက်တွင် ထည့်သွင်းပြောကြား ရန်လိုအပ်ကြောင်း၊ Morgan Stanley နှင့် Bloomberg တို့မှ စီးပွားရေးပညာရှင်များမှ ကြိုတင်ခန့်မှန်းချက်တွင် ဟောင်ကောင်ဒေသအနေဖြင့် တရုတ်ပြည်မကြီးနှင့် နယ်စပ် ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် နှောင့်နှေးကြန့်ကြာလျက်ရှိသောကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်း နိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၌ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားမီက ဟောင်ကောင်၏ လက်လီရောင်းချရမှုမှာ ၂၀၂၁ ခုနှစ်၊‌ အောက်တိုဘာလအထိ မြင့်တက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ဒေသတွင်းစားသုံးမှု မြင့်တက်စေရန် ဒေသအစိုးရမှ ပံ့ပိုးသည့် Digital retail Voucher Scheme ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ပြန်လည်နာလန်ထူလာကြောင်း၊ ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုမှာ၂၀၂၁ ခုနှစ်၊ နှစ်ဦးပိုင်းနှင့်နှိုင်းယှဉ်လျှင် နိုဝင်ဘာလတွင် (၇.၁) ရာခိုင်နှုန်း (ဟောင်ကောင်‌‌ဒေါ်လာအားဖြင့် ၃၀.၇ ဘီလီယံ) မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (10-1-2022)

Category: China (HongKong)