China (HongKong)

ဟောင်ကောင်ဒေသ၏ COVID-19 ကြောင့် အိမ်ခန်းငှားရမ်းခများ ဆက်လက်ကျဆင်းနေမည့်သတင်း

Last Updated:

COVID-19 ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ကျဆင်းလျှက်ရှိရာ အိမ်ခန်းငှားရမ်းခများလည်း ကျဆင်းလျှက်ရှိကြောင်း၊ အခန်းငှားရမ်း ခများမှာ လစဉ် (၁.၂) ရာခိုင်နှုန်း ကျဆင်းလျှက်ရှိရာ စက်တင်ဘာလတွင် ၁ စတုရန်းပေလျှင် ပျမ်းမျှ ဟောင်ကောင်ဒေါ်လာ (၃၄) ဒေါ်လာ ကျဆင်းခဲ့ ကြောင်း၊ COVID-19 ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့သည့်အချိန်မှစတင်၍ ယခင်နှစ် ကာလတူ ဇူလိုင်လနှင့် နှိုင်းယှဉ်လျှင် (၁၀) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ ထပ်မံ၍ COVID-19 လှိုင်း အသစ်ထပ်မံမဖြစ်ပွားအောင် အားတင်းဆောင်ရွက်လျှက် ရှိရာ အခန်းငှားရမ်းခနှုန်းများမှာ စီးပွားရေးထပ်မံ ထိခိုက်မည့် အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လနှင့် ဩဂုတ်လအတွင်း အလုပ်လက်မဲ့ဦးရေ မှာ (၅၈၀၀) ဦးမှ (၂၄၈,၃၀၀) ဦးအထိရှိရာ နှစ်ပေါင်း (၁၇) နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊  ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်တွင် အလုပ်လက်မဲ့ဦးရေ (၈) ရာခိုင်နှုန်း ထပ်မံမြင့်တက်နိုင်ပြီး ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ လူအနည်းငယ်သာလျှင် တိုက်ခန်းများ ဆက်လက်ငှားရမ်းနေထိုင်သည်ကို တွေ့ရှိရကြောင်း၊ အခန်းများငှားရမ်းမှုမှာ စီးပွားရေးအခြေအနေပေါ် မူတည်လျှက်ရှိကြောင်း၊ စီးပွားရေးဆက်လက်ကျဆင်းနေလျှင် လူအများစုမှာ ဝင်ငွေမရရှိနိုင်သောကြောင့် ၂၀၂၁ ခုနှစ်တွင် အိမ်ခန်းငှားရမ်းမှုအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိမည်ဖြစ်ကြောင်း၊ အကယ်၍ ကမ္ဘာ့ကပ်ရောဂါမှာ စတုတ္ထလှိုင်းတွင် ဆိုးရွားလျှင် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှု နည်းပါးနိုင်ကြောင်း၊ စတုတ္ထလေးလပတ်တွင်စီးပွားရေး (၃) ရာခိုင်နှုန်း မှ(၅) ရာခိုင်နှုန်းအထိကျဆင်းလိမ့်ဟုခန့်မှန်းထားကြောင်း၊ လက်ရှိငှားရမ်းနေသည့် တိုက်ခန်းများမှ ဈေးလျှော့ပေးခြင်းမရှိလျှင် လစာမဲ့ခွင့်ယူထားသည့် ဝန်ထမ်းများ အနေဖြင့်လာမည့်နှစ်တွင်လည်း လစာရရှိနိုင်ရန် သေချာမှု မရှိသောကြောင့် အိမ်ခန်းငှားရမ်းခများ ဈေးလျှော့မပေးလျှင် ပိုမိုဈေးသက်သာသည့် တိုက်ခန်းများသို့‌ ပြောင်း‌ရွှေ့ငှားရမ်းကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအများစုမှာလည်း အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာ နောင်လာမည့် (၆) လအတွင်း အလုပ်အကိုင်ဆုံးရှုံးမှုများ ဖြစ်နိုင်ရာ အိမ်ခန်းငှားရမ်းမှုအပေါ်ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း၊ အိမ်ရှင်နှင့် အိမ်ငှားတို့ အနေဖြင့် မသေချာမှုများနှင့် ရင်ဆိုင်ရလျှက်ရှိရာ ညီမျှ သည့် အနေအထားရှိရန် လိုအပ်လျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထ လေးလပတ်အတွင်း စိန်ခေါ်မှုများအသစ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Pearl Liu က “Home rents set to keep falling under Covid-19 clouds” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)