China (HongKong)

ဟောင်ကောင်လုပ်ငန်းများ အလုပ်သမားငှားရမ်းခနှင့် လစာများ တိုးမြှင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

Last Updated:

ဟောင်ကောင်ဒေသ၌ လာမည့် ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမားငှားရမ်းခများနှင့် လစာ‌များတိုးမြှင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စီးပွားရေးခန့်မှန်း ချက် ပိုမိုကောင်းမွန်လာနိုင်သည့်အခြေအနေဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအခြေစိုက် စာရင်းကိုင်နှင့် ငွေကြေးကဏ္ဍဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ (၂၁၄) ဦးအား စစ်တမ်းကောက်ယူခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် အလုပ်သမားငှားရမ်းခများ တိုးမြှင့်သင့်ကြောင်း (၃၆) ရာခိုင်နှုန်းမှဖြေကြားခဲ့ပြီး၊ လစာများတိုးမြှင့်ပေးသင့်ကြောင်း (၅၉) ရာခိုင်နှုန်းမှ ဖြေကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းတွင် ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ရန်နှင့် စားသုံးသူများအား ပံ့ပိုးသည့်အစီအစဉ် (Consumption Voucher Scheme) အစရှိသည့် အစီအစဉ် များဖြင့် ဟောင်ကောင်ဒေသ စီးပွားရေးပိုမိုကောင်းမွန်စေရန် ဆောင်ရွက်မှုများကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်ကောင်းမွန်ရန် အလားအလာကောင်းများ ရှိကြောင်း၊ ဟောင်ကောင်ဒေသစီးပွားရေး ခန့်မှန်းချက်နှင့်ပတ်သက်၍ ကောင်းမွန်နိုင်ကြောင်း ပြန်လည်ဖြေကြားထားကြကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် တရုတ် ပြည်မကြီးနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ဒေသ၌ စီးပွားရေးလုပ်ငန်းများ တိုးတက်လာပြီး ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ လာမည့်နှစ်တွင် ပြန်လည် နာလန်ထူလာရန် မျှော်မှန်းထားကြကြောင်း၊ စစ်တမ်းကောက်ယူသူ (၆၇) ရာခိုင်နှုန်းမှ ပြန်လည်ဖြေကြားမှုတွင် ဟောင်ကောင်ဒေသအနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုမှာ ဒေသစီးပွားရေးတိုးတက်ရန်မှာ အဓိကကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ ကုမ္ပဏီအများစုမှာ လစ်လပ်နေသော ဝန်ထမ်းများ အား လာမည့်နှစ်တွင် ဖြည့်ဆည်းနိုင်ရန် ဝန်ထမ်းအသစ်များ ငှားရမ်းလိုမှုများ မြင့်မားလျက်ရှိကြကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ သို့သော် ဟောင်ကောင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကအချက်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်တို့ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ နိုင်ငံတကာငွေကြေးလုပ်ငန်းများမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသုည (Zero- Covid) အစီအစဉ်အား ဖြေလျှော့ပေးရန် ဒေသအစိုးရအား တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ Asia Securities Industry and Financial Markets Association မှ အဖွဲ့ဝင် (၁၀) ဦးတွင် (၉) ဦးမှာ ဟောင်ကောင်ဒေသ၏ ကိုဗစ်-၁၉ မူဝါဒတင်းကြပ်မှုများကြောင့် ဟောင်ကောင်ဒေသ၌ လုပ်ငန်း ဆောင်ရွက်ရန် လွယ်ကူမှုမရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ မူဝါဒတင်းကြပ်သည့် စိန်ခေါ်မှုများကြောင့် ငွေကြေးကဏ္ဍလုပ်ငန်း (၄၈) ရာခိုင်နှုန်းမှာ ၎င်းတို့၏ ဝန်ထမ်းများအား ဟောင်ကောင်မှ ရွှေ့ပြောင်းရန် စဉ်းစားချင့်ချိန်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ပထမဆုံးအနေဖြင့် တရုတ်ပြည်မကြီးနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသော်လည်းခရီးသွားလာမှု ကန့်သတ်ချက်များအား ထပ်မံတင်းကြပ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post (8-12-2021)

Category: China (HongKong)