China (HongKong)

ဟောင်ကောင်လုပ်ငန်းရှင်များက အလုပ်သမားများကို လုပ်ငန်းမှရပ်ဆိုင်းခဲ့မှုမှာ စင်ကာပူကုမ္ပဏီ များထက် နှစ်ဆပိုများခြင်း

Last Updated:

COVID-19 ကာလအတွင်း ကုန်ကျစရိတ်များလျေှာ့ချနိုင်ရန် ဟောင်ကောင်အလုပ်သမားများအား လုပ်ငန်းမှရပ်ဆိုင်းခဲ့မှုမှာ စင်ကာပူကုမ္ပဏီများနှင့်နှိုင်းယှဉ်လျှင် နှစ်ဆပိုများနေကြောင်း၊ လုပ်ငန်းရပ်ဆိုင်းမှုအား လေ့လာစစ်တမ်းကောက်ရာတွင် စင်ကာပူ လုပ်ငန်း (၆၈) ခု၏ အလုပ်သမား (၈) ရာခိုင်နှုန်းနှင့် ဟောင်ကောင် ကုမ္ပဏီ (၁၄၀) ခု၏ (၁၆) ရာခိုင်နှုန်း ရပ်ဆိုင်းခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ လစာမဲ့ခွင့်ပေးသည့် ဝန်ထမ်းများမှာ စင်ကာပူကုမ္ပဏီများမှ (၈) ရာခိုင်နှုန်းနှင့် ဟောင်ကောင်ကုမ္ပဏီများမှ (၁၇) ရာခိုင်နှုန်းရှိကြောင်း၊ COVID-19 နှင့် ကာလကြာရှည် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဟောင်ကောင်ရှိ ခရီးသွားလုပ်ငန်းနှင့် လက်လီရောင်းချမှုလုပ်ငန်းများမှာ ကာလကြာရှည်ကျဆင်းလျက်ရှိကြောင်း၊ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကြောင့် ဧပြီလကုန်တွင် ဟောင်ကောင်၏ အလုပ်လက်မဲ့မှာ  (၇၈,၅၀၀) နေရာရှိခဲ့ကြောင်း၊ အလုပ်လက်မဲ့များထိခိုက်မှု လျော့နည်းသက်သာစေရန် လစဉ်လစာ၏ထက်ဝက်ဖြစ်သည့် ဟောင်ကောင်ဒေါ်လာ (၉၀၀၀) အား (၆) လကြာ ဟောင်ကောင်အစိုးရမှ ပံ့ပိုးပေးသွားမည်ဖြစ်ရာ အဆိုပါထောက်ပံ့ကြေးကို ကုမ္ပဏီများမှ လျေှာက်ထားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများနှင့် COVID-19 တို့၏ဖိအားများကြောင့် ကုန်ကျစရိတ်များ လျေှာ့ချရန် လုပ်ဆောင်မှုများအတွက် ဟောင်ကောင်လုပ်ငန်းရှင်များကို အပြစ်မတင်သင့်ကြောင်း၊ COVID-19 ကြောင့် အလုပ်သမားများအပေါ် ထိခိုက်မှုအား ကုစားမှုရန် ဟောင်ကောင်လုပ်ငန်း ရှင် (၈၅) ရာခိုင်နှုန်းနှင့် စင်ကာပူလုပ်ငန်းရှင် (၇၉) ရာခိုင်နှုန်းတို့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသသည် COVID-19 ကူးစက်မှုအား ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး စင်ကာပူနိုင်ငံထက် ကူးစက်မှုနည်းပါကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post (26-5-2020)

Category: China (HongKong)