China (HongKong)

ဟောင်ကောင်လုံခြုံရေးဥပဒေကြောင့် တရုတ်လုပ်ငန်းများအတွက် ကူညီပေးခြင်းသာ ဆောင်ရွက်နိုင်မည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ အမျိုးသားလုံခြုံရေးဥပဒေအသစ်ကြောင့် ဟောင်ကောင်စီးပွားရေးကဏ္ဍမှာ ငွေကြေးအချက်အချာကျသည့် ဒေသတစ်ခုအဖြစ်မှ ပေကျင်း၏ မရှိမဖြစ် တရုတ်ပြည်မကြီး လုပ်ငန်း များကို ပံ့ပိုးကူညီပေးသည့်ဒေသအဖြစ် တစ်ဖြေးဖြေးချင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အစိုးရလက်ထက်တွင် ဟောင်ကောင်နှင့် အထူးကုန်သွယ်ရေး အခွင့်အရေးများကို ဖျက်သိမ်းနိုင်ပြီး နိုင်ငံတကာကုန်သွယ်ရေးစင်တာအဖြစ် ဆက်လက်ဆောင်ရွက်နိုင်ရန် စိုးရိမ်ဖွယ်ဖြစ်လာ ကြောင်း၊ ဟောင်ကောင်‌ဒေသ၏ နိုင်ငံတကာငွေကြေးလဲလှယ်မှု၊ စာချုပ်များရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အာမခံဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် လန်ဒန်ကဲ့သို့ ထိပ်တန်းငွေကြေးစင်တာတစ်ခု ဖြစ်လာနိုင်ဖွယ်မရှိဘဲ ပေကျင်း၏ ရင်းနှီးငွေများကို  ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် တရုတ်ပြည်မကြီး၏ ကုမ္ပဏီများကို ကူညီပေးရန်အတွက် ယုံကြည်ရသည့် ဘဏ္ဍာရေး စနစ်သာ တည်ထောင်နိုင်မည်ဖြစ်ကြောင်း၊ Initial  Public Offerings (IPO) ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီ (၂၇) ရာခိုင်နှုန်းမှာဟောင်ကောင်ဒေသ၌ လုပ်ကိုင်ခဲ့ပြီး အမေရိကန်တွင် တရုတ်ကုမ္ပဏီ (၇) ရာခိုင်နှုန်းကသာ IPO လုပ်ကိုင်ခဲ့ ကြောင်း၊ ၁၉၉၈ ခုနှစ်မှ စတင်၍ ဟောင်ကောင်ဒေသသို့ ဝင်‌ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃၀) ရာခိုင်နှုန်းမှာ တရုတ်ပြည်မကြီးမှ ဖြစ်ကြောင်း၊၂၀၁၈ခုနှစ် စာရင်းများအရ တရုတ်ပြည်မကြီးမှ ဟောင်ကောင်ဒေသ၌ ရင်းနှီး မြှုပ်နှံမှုမှာ (၃၆) ရာခိုင်နှုန်းရှိကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးအရွယ်အစားမှာ တရုတ်ပြည်မကြီးနှင့် နှိုင်းယှဉ်လျှင် ၁၉၉၇ ခုနှစ်က (၁၆) ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် (၃) ရာခိုင်နှုန်း သာရှိခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေး ဥပဒေမူကြမ်းမှာ၂၀၁၉ ခုနှစ်က စတင်၍ လပေါင်းများစွာ ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုကြောင့်ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကြောင်း၊ အမေရိကန်နိုင်ငံမှ ဟောင်ကောင်ဒေသအား ပေးအပ်ထားသည့် အထူးအခွင့်အရေးများကိုရပ်ဆိုင်းလျှင် ကုန်သွယ်ရေး၊ ဗီဇာနှင့် နည်းပညာပိုင်းတို့၌ ကန့်သတ်မှုများရှိလာနိုင်ကြောင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့အကြား တင်းမာမှုများ ဆက်လက်အရှိန်မြင့်တက်နေလျှင် စီးပွားရေးအချက်အချာကျသည့်ဒေသအဖြစ် ဟောင်ကောင်ဒေသ၏ ရပ်တည်မှုကို ဆုတ်ယုတ်စေနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Karen Yeung and Sidney Leng တို့က“Hong Kong Security Law: city’s future is in servicing Chinese firms, says top city economist” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)