China (HongKong)

ဟောင်ကောင်၌ စားသောက်ကုန်များ လိုက်လံပို့ဆောင်ပေးရမှု မြင့်တက်လာလျက်ရှိပြီး စားသောက်ဆိုင်များအနေဖြင့် စား‌သောက်ကုန်များအား ဘေးကင်းလုံခြုံစွာ ပို့ဆောင်ရမည်ဖြစ်ကြောင်း

Last Updated:

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိပြီး ဟောင်ကောင်၌ အွန်လိုင်းမှရောင်းချသည့် စားသောက်ကုန်များအား လိုက်လံပို့‌ဆောင်မှုများ အဓိက ဆောင်ရွက်လာလျက်ရှိပြီး စားသောက်ကုန်များ ဆိုင်ပြင်ပသို့ ဝယ်ယူမှုများနှင့် ဖြန့်ဖြူးပို့ဆောင်မှုများ မြင့်တက်လာလျက်ရှိရာ အစားအစာဘေးကင်း လုံခြုံမှုရှိစေရန်အတွက် လိုင်စင်စနစ်ဖြင့်‌ဆောင်ရွက်ရန် ဟောင်ကောင်ဒေသ အာဏာပိုင်များမှ စီစဉ်လာကြကြောင်း ရေးသားဖော်ပြထားပါသည်။

ထိုကဲ့သို့ အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် လိုင်စင်စနစ်ဖြင့်‌ဆောင်ရွက်ရန် စီစဉ်ရခြင်းမှာ ဟောင်ကောင်ဒေသ Food and Environmental Hygiene Department အနေဖြင့် ၂၀၂၁ ခုနှစ်က အစားအစာဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ တိုင်ကြားမှု (၁၆၄) ခုရရှိခဲ့ပြီးနောက် စီစဉ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တိုင်ကြားမှု (၆၄) ခုရရှိခဲ့မှုနှင့်နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ တိုင်ကြားမှု (၉) ခုရရှိခဲ့မှုနှင့်နှိုင်းယှဉ်လျှင် အများအပြားမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်က တိုင်ကြားမှု (၂၀) ခု လက်ခံရရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်က ကုန် သွယ်မှုနှင့်ပတ်သက်၍ မှားယွင်းဖော်ပြမှုများနှင့် မေ့လျော့ခဲ့မှုများကြောင့် အကောက်အခွန်အရာရှိများအနေဖြင့် တိုင်ကြားမှု (၇၇) ခု လက်ခံရရှိမှု မြင့် တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ စားသောက်ကုန်နှင့် ကျန်းမာရေးဆိုင်ရာ အတွင်းဝန် (ဝန်ကြီး) Ms. Sophia Chau Siu-chee ကပြောကြားခဲ့ရာ တွင် ယခုနှစ် လက်ခံရရှိခဲ့သည့် တိုင်ကြားမှု တိုင်ကြားမှု (၁၆၄) မှ (၂) ခုတွင် စားသောက်ကုန်များ ပြင်ဆင်ရာ တွင် မပါဝင်သင့်သည့် အရာဝတ္ထုများ ရှာဖွေ တွေ့ရှိခဲ့မှုကြောင့် စားသောက်ကုန်ရောင်းချသည့် အဆောက်အအုံအား စွဲချက်တင်ထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ စားသောက်ဆိုင်များအနေ ဖြင့် အွန်လိုင်းမှ မှာယူမှုများ (သို့မဟုတ်) စာချုပ်ချုပ်ဆို စားသောက်ကုန် ပို့ဆောင်မှုများအတွက် စားသောက်ကုန်များ ဖြန့်ဖြူးပို့ဆောင်မှုများတွင် သင့်လျော်သောလိုင်စင်နှင့်ပတ်သက်၍ လိုအပ်ချက်များကို ပြည့်မီစေရေး ရှင်းလင်းပြတ်သားစေရန် စားသောက်ကုန်နှင့် ကျန်းမာရေးဌာနအနေဖြင့် စီစဉ်မည်ဖြစ်ကြောင်း  ရေးသားဖော်ပြထားပါသည်။

စားသောက်ကုန်များအား အချိန်ပြည့် သင့်တင့်သောအပူချိန်၌ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားသိုရမည်ဖြစ်ပြီး စားသုံးသူထံသို့ ပို့ဆောင်ရာတွင် လည်း ညစ်ညမ်းမှုများနှင့် အဆိပ်အတောက်ဖြစ်ပွားမှုများ လျော့နည်းစေရန်အတွက် သယ်ယူပို့ဆောင်ရာတွင် သေချာစွာ ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ အစားအစာ ဘေးကင်းလုံခြုံရေးစင်တာအနေဖြင့်လည်း ဒေသတွင်းရှိ အွန်လိုင်းစား‌သောက်ကုန် ပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများအား စားသောက်ကုန်များ ပို့ဆောင်ရာတွင် သင့်လျော်သည့် အပူချိန်ဖြင့် ထိန်းချုပ်ပို့ဆောင်ရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် သန့်ရှင်းစွာပို့ဆောင်မှုများ ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းပြောကြားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှု ကာလအတွင်းတွင် သတိ ထား‌ဆောင်ရွက်ရမည့်အချက်များကိုလည်း သတိပေးထုတ်ပြန်ခဲ့ကြောင်း၊ ရောင်းချသူများနှင့် ဝယ်ယူသူများအကြား အငြင်းပွားမှုများ ဖြေရှင်းရန် လိုအပ်ပါက စားသုံးသူကောင်စီမှ ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် စည်ပင်သာယာဝန်ဆောင်မှု သတ်မှတ်ချက်အရ စားသုံး သူများအား ရောင်းချသည့် ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့် (သို့မဟုတ်) ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်အားလုံးအနေဖြင့် စားသုံးသူ များအတွက် လိုအပ်သော စံသတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ချက်များကို ချိုးဖောက်သူများအား အမြင့်ဆုံးပြစ်ဒဏ် အနေဖြင့် ဟောင်ကောင်ဒေါ်လာ ၅၀,၀၀၀ နှင့် ‌ထောင်ဒဏ် (၆) နှစ် ကျခံရမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (5-5-2022)

Category: China (HongKong)