China (HongKong)

ဟောင်ကောင်၌ COVID-19 တတိယလှိုင်းကို တိုက်ခိုက်ရန် HSBC ၊ Standard Charter နှင့် ဘဏ် (၁၁) ခုတို့ ဘဏ်ဖွင့်ချိန်များ လျှော့ချြခင်းနှင့် ဘဏ်ခွဲ (၅၉) ခုကို ပိတ်သိမ်း ခြင်း

Last Updated:

ဟောင်ကောင်၌ COVID-19 တတိယလှိုင်းကို တိုက်ခိုက်ရန် HSBC ၊ Standard Charter နှင့် Bank of East Asia အပါအဝင် ဘဏ် (၁၁) ခုတို့မှာ ဘဏ်ဖွင့်ချိန်များ လျှော့ချခြင်းနှင့်  ဘဏ်ခွဲ (၅၉) ခုကို လျှော့ချရန်ပြုလုပ် လာကြောင်း၊ ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက်သူ (၂၀၀၀) ဦးဝန်းကျင်ရှိလာရာ အစိုးရဝန်ထမ်းများနေအိမ်များမှ အလုပ်လုပ်ရန်နှင့် စားသောက်ဆိုင်များကိုလည်း ညနေ (၆)နာရီ နောက်ပိုင်းတွင် ဆိုင်များ အတွင်း စားသောက်ခွင့်အားတားမြစ်ခဲ့ကြောင်း၊Bank of East Asia ၊ China Construction Bank (Asia) ၊ CMB Wing Lung Bank နှင့် ၎င်းတို့၏ ဘဏ်ခွဲများမှာ ညနေ (၄:၀၀) နာရီတွင် လည်းကောင်း၊ DBS မှ ညနေ (၄: ၃၀) နာရီတွင်လည်းကောင်း၊ Hang Seng Bank မှ ညနေ (၄:၀၀) နာရီတွင်လည်းကောင်း၊ Chiu banking Corporation မှ ညနေ (၃:၀၀) နာရီတွင် လည်းကောင်း ဘဏ် ပိတ်မည်ဖြစ်ကြောင်း၊ Standard Charter bank မှ နံနက် (၉:၃၀) မှ ညနေ (၄: ၃၀) နာရီ အထိနှင့် စနေနေ့တွင် နံနက် (၉:၃၀) မှ နေ့လည်အထိ ဘဏ်ဖွင့်မည် ဖြစ်ကြောင်း၊ Bank of China Hong Kong မှ ဘဏ် ဖွင့်ချိန်ကို ပုံမှန်အတိုင်း‌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟောင်ကောင်လေဆိပ်နှင့် ရောဂါကူးစက်မှု မြင့်မားသည့် နေရာတွင်ရှိသည့် ဘဏ်ခွဲ (၁၁) ခုကို ယာယီပိတ် ထားမည်ဖြစ်ကြောင်း၊ CMB Wing Lung Bank  မှ ဘဏ်ခွဲ (၈) ခုကို ယာယီပိတ်ထားမည် ဖြစ်ကြောင်းI DBS မှ ဘဏ်ခွဲတစ်ခု ပိတ်မည်ဖြစ်ကြောင်း၊ ICBC Asia မှ ဘဏ်ခွဲ (၁၁) ခုပိတ် မည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့မှ ဘဏ်များရှိသည့် ဟောင်ကောင်ရှိ ဘဏ်ခွဲ များ၏ ကွန်ယက်များမှာ ၂၀၁၉ ခုနှစ်ကစတင်၍ အနှောင့်အယှက်ဖြစ်နေကြောင်း၊ အစိုးရဆန့်ကျင် ဆန္ဒပြမှုများနှင့် ယခုနှစ် အစောပိုင်းတွင် ဖြစ်ပွားသော COVID-19 ကြောင့် ဟောင်ကောင်ရှိ ဘဏ်ခွဲအများစုမှာ လုပ်ငန်းလည်ပတ်မှုများ ရပ်နားခဲ့ရကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “HSBC, Standard Chartered among 11 banks to curtail opening hours, close 59 branches as Hong Kong fights third wave of coronavirus” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)