China (HongKong)

အချက်အလက်များ အနည်းငယ် ရှေ့ပြေးစမ်းသပ် တွက်ချက်ပြီးနောက် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေဒေါ်လာ (၉၀၀) မီလီယံ ရရှိခဲ့ခြင်း

Last Updated:

ဘဏ်များဖွင့်လှစ်ရန် လွယ်ကူချောမွေ့စေရန်နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ချေးငွေရရှိမှု ပိုမိုလွယ်ကူစေနိုင်မည့် Commercial Data Interchange (CDI) အားရှေ့ပြေးစမ်းသပ်တွက်ချက်မှုမှာ စတင်ဆောင်ရွက်သည့် အဆင့်တွင်ရောက်ရှိနေပြီဖြစ်ကြောင်း ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority-HKMA) က ပြောကြားခဲ့ကြောင်း၊ ဘဏ်များမှ အမှတ်ပေး‌ဆောင်ရွက်ရာတွင်  လွယ်ကူချောမွေ့စေရန် Commercial Data များ ဖလှယ်တွက်ချက်မှုအပေါ် အလေးထား ဆောင်ရွက်သည့် အယူအဆအပေါ် အခြေတည် စမ်းသပ် သည့် ဒုတိယအဆင့်မှာ ပြီးမြောက်ပြည့်စုံသွားပြီဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ဆောင်ရွက် သည့် ဘဏ်များမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေ စုစုပေါင်း (၅၅၀) ကေျာ်အား‌ ထောက်ခံခွင့်ပြုပေးခဲ့ပြီး  စုစုပေါင်း ဟောင်ကောင်‌ဒေါ်လာ (၉၀၀) မီလီယံ ချေးပေးခဲ့ ကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Karen Ng က “SMEs win $900m loans as data pilot takes off” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

အဆိုပါ သတင်းတွင် ရှေ့ပြေးစမ်းသပ်မှုအဆင့်၌ ဘဏ်များနှင့် ဒေတာအချက်အလက်များပံ့ပိုးသူများအဖွဲ့ (၈) ခုပါဝင်ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင် ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း၊ Bank of China (BOC) သည် CDI ၏ ဒုတိယအဆင့် စမ်းသပ်မှုအစီအစဉ်တွင် ချေးငွေအတည်ပြုချက်များ ပြီးပြည့်စုံအောင်‌ ဆောင်ရွက်ပေးခဲ့သည့် ပထမဆုံးဘဏ်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေပေးချေမှုအတွက် Multiple Central Bank Digital Currency Bridge (mBridge) စီမံကိန်း CBDC platform အတွက် ဖြစ်နိုင်ချေအလားအလာရှိသော စီးပွားရေးလုပ်ငန်း (၁၅) ခု အမည်အား HKMA က ထုတ်ပြန်ခဲ့ကြောင်း၊ HKMA  သည် ယူအေအီး (United Arab Emirates) ၊ ထိုင်းနိုင်ငံ (Thailand) တို့၏ ဗဟိုဘဏ်များနှင့် Digital Currency Institute of the People’s Bank of China နှင့် Bank for International Settlements Innovation Hub Hong Kong Centre တို့နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင်း၊ HKMA ၏ အမှုဆောင်အရာရှိအဟောင်းမှလည်း Digital know-your-customer service ezlink အား ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စတင်ဆောင်ရွက် ရန်  စီစဉ်ထားကြောင်း ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)