South Africa

အခြေခံအဆောက်အအုံဆောင်ရွက်မည့် ရည်မှန်းချက်များသည် တောင်အာဖရိကနိုင်ငံ၏ သံမဏိလုပ်ငန်းကဏ္ဍအတွက် များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ခြင်း

Last Updated:

သမ္မတ Cyril Ramaphosa ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ဖော်ပြထားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းထုတ်ကုန်စည်များ ပိုမိုသုံးစွဲမှုအားပေးခြင်း ဆောင်ရွက်ချက်များသည် နိုင်ငံ၏ သံမဏိနှင့် အင်ဂျင်နီယာကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုအတွက် များစွာအထောက်အကူဖြစ်မည် ဖြစ်ကြောင်း၊ အစိုးရ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ထုတ်လုပ်မှုကဏ္ဍမှတစ်ဆင့် အလုပ်အကိုင် ၂၀၀,၀၀၀ ကျော်အထိ ဖန်တီးပေးနိုင်ရန် မျှော်လင့်နိုင်ကြောင်း၊ သံမဏိနှင့် အင်ဂျင်နီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြားသတ္တု နှင့် ထုတ်လုပ်မှုကဏ္ဍများသို့လည်း အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သမ္မတ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း၌ အစိုးရအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူ ပြုစေမည့် အခြေခံအဆောက်အအုံစီမံကိန်းများအား စွမ်းအင်၊ လမ်းများနှင့် ရေရရှိရေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အဓိကဉီးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အခြေခံအဆောက်အအုံရန်ပုံငွေအား နောင် ၁၀ နှစ်အတွင်း အသုံးပြုနိုင်ရန် ရန်း ၁၀၀ ဘီလီယံသတ်မှတ်တည်ထောင်ထားကြောင်း၊ ယခုအခါ အဆိုပါရန်ပုံငွေမှ ရန်း ၉၆ ဘီလီယံအား ကျောင်းသားအဆောင်များ၊ လူမှုအိမ်ရာများ၊ ဆက်သွယ်ရေး၊ ရေနှင့် သန့်ရှင်းမှုနှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံအသုံးပြုနိုင်ရေး သက်ဆိုင်ရာအစိုးရ ဌာနများနှင့် ညှိနှိုင်း၍ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရမှ ကနဉီးအနေဖြင့် ရန်း ၁.၈ ဘီလီယံအား အခြေခံ အဆောက်အအုံဖွံ့ဖြိုးမှုတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုပေးမှုကြောင့် ရန်း ၁၃၃ ဘီလီယံတန်ဖိုးရှိသည့် ပုဂ္ဂလိက ကဏ္ဍစီမံကိန်း ၇ ခုအတွက် လုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

တောင်အာဖရိကနိုင်ငံ သံမဏိနှင့် အင်ဂျင်နီယာလုပ်ငန်းအဖွဲ့၏ အမှုဆောင်ရာရှိချုပ် Lucio Trentini က အစိုးရအနေဖြင့် အလုပ် အကိုင်များ တိုက်ရိုက်ဖန်တီးမပေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကသာ အလုပ်အကိုင်ဖန်တီးပေးနိုင်သည့်အတွက် အစိုးရ အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် စီးပွားရေးပတ်ဝန်းကျင်ရရှိရေးကိုသာ ဖန်တီးပေးရန် လို အပ်ကြောင်း၊ အစိုးရအနေဖြင့် သံမဏိ Masterplan ကို ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သော်လည်း စီမံချက်ပါ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းထုတ်ပစ္စည်းများ အသုံးပြုရေး (buy SA) ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်သေးကြောင်း ပြောကြားထားသည်ကို သိရှိရပါသည်။     

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                                                                           

Source:           https://www.news24.com/fin24/economy/ramaphosas-infrastructure-ambitions-could-save-sas-ailing-steel-sector-says-industry-head-20220215

Category: South Africa