China (HongKong)

အခွန်မကောက်ခံသော်လည်း ဟောင်ကောင်ဒေသ၏ ပို့ကုန်များကို တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း (Made in China) ဟု တံဆိပ်ကပ်ရန် ထုတ်ပြန်ခဲ့ခြင်း

Last Updated:

အမေရိကန်နိုင်ငံ၏ တရားဝင်လမ်းညွှန်ချက်အရ ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် အခွန်ကောက်ခံမှုကင်းလွတ်မည်ဖြစ်သော်လည်း ဟောင်ကောင်ဒေသ ထုတ်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်း (Made in China) ဟု တံဆိပ်ပြောင်းလဲကပ်ရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတထရန့်မှ ဟောင်ကောင်ဒေသထုတ်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် ဟောင်ကောင် ထုတ်ကုန်ပစ္စည်းများ၏ တံဆိပ်များကို ၂၅-၉-၂၀၂၀ ရက်နေ့မှစတင်၍ ပြောင်းလဲကပ်ရမည်ဟု ပြောကြားခဲ့သော်လည်း ဟောင်ကောင်ဒေသထုတ်ကုန်ပစ္စည်းများ၏ တံဆိပ်များကိုဆက်လက်အသုံးပြုနိုင်ကြောင်း အမေရိကန် အကောက်အခွန်ဌာန၏ ဝက်ဘ်ဆိုက်၌ (၁၃-၈-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်-အမေရိကန် ကုန်သွယ်‌ရေးစစ်ပွဲကြောင့် တရုတ်ကုန်ပစ္စည်း များအပေါ် အမေရိကန်မှ အခွန်သတ်မှတ်ကောက်ခံခြင်းသည် ဟောင်ကောင်ဒေသအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း၊ အမေရိကန်၏ ထုတ်ပြန်ချက်များမှာ ရှုပ်ထွေးမှုများရှိနေကြောင်း ဟောင်ကောင်‌ဒေသကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးကပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ သီးသန့်ပါဝင်နေခြင်းဖြစ်ပြီး အကောက်အခွန် စနစ်မှာလည်း သီးသန့်ကောက်ခံခြင်း ဖြစ်ကြောင်း၊ ဝါရှင်တန်၏ထုတ်ပြန်ချက်အရ ဟောင်ကောင်အနေဖြင့် အခွန်ကင်းလွတ်ခွင့်ရရှိနေဦး မည်ဖြစ်သော်လည်း တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းအဖြစ် တံဆိပ်ပြောင်းလဲကပ်ရန် လိုအပ်ကြောင်းနှင့် အမေရိကန်သမ္မတ၏ အမိန့်ကြေညာထုတ်ပြန်ချက် (Executive Order) အရ ဟောင်ကောင်အနေဖြင့် တရုတ်ပြည်မကြီး၏ မြို့တစ်မြို့ကဲ့သို့ သတ်မှတ်ခံရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား ဟောင်ကောင်ဒေသမှာ ခံစား နေရကြောင်း၊ တရုတ်ပြည်မကြီးအနေဖြင့် ဟောင်ကောင်ဒေသနှင့် နီးကပ်စွာ ဆက်ဆံသွားမည်ဖြစ်ပြီး ဟောင်ကောင်ဒေသအား တရုတ်ပြည်မကြီး၏ အဓိကကျသည့် ကုန်သွယ်ရေးဒေသအဖြစ်မြှင့်တင်နိုင်ရန် ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသထုတ်ကုန်ပစ္စည်းများ ဖြစ်သည့် ကျောက်မျက်လက်ဝတ်ရတနာများ ၊  လျှပ်စစ်နှင့် ဆက်စပ်ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် တင်ပို့ခဲ့ရာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ (၄၇၁) မီလံယံနှင့် ရာခိုင်နှုန်းအားဖြင့် (၀.၁) ရာခိုင်နှုန်းတင်ပို့ခဲ့ကြောင်း၊ ‘Made in China’ တံဆိပ်ပြောင်းလဲကပ်ရန်မှာ ဟောင်ကောင်ဒေသ ကုန်အမှတ်တံဆိပ်များအတွက် ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း၊ သုံးစွဲသူများမှာ ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့် အစားအစာနှင့်ဆေးဝါးများဝယ်ယူရာတွင် ထုတ်လုပ်သည့် ဒေသအမှတ်တံဆပ်နှင့် အရည်အသွေးပေါ် ယုံကြည်မှုဖြင့်ဝယ်ယူသုံးစွဲနေခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ ပြုပြင် ပြောင်းလဲမှုမှာ ဟောင်ကောင်ဒေသ၏ ကျောက်မျက်လက်ဝတ်ရတနာများ တင်ပို့မှုကို အဆုံးသတ်စေနိုင်ကြောင်း၊နည်းဥပ‌ဒေအသစ်ကြောင့် ဟောင်ကောင်ဒေသ ထုတ်ကုန်အမှတ် တံဆိပ်များအတွက် စိန်ခေါ်မှုများ ဖြစ်စေကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang “No tariffs but City’s exports to say ‘Made in China’” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)