Singapore

အင်္ဂလန်နှင့် စင်ကာပူ နှစ်နိုင်ငံအကြား (၅) ကြိမ်မြောက် ငွေရေးကြေးရေးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေးနွေးပွဲပြုလုပ်

Last Updated:

အင်္ဂလန်နှင့် စင်ကာပူ နှစ်နိုင်ငံအကြား (၅)ကြိမ်မြောက် ငွေရေးကြေးရေးစျေးကွက်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဆွေးနွေးပွဲကို ၂၀ - ၇ - ၂၀၂၀ ရက်နေ့တွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါဆွေးနွေးပွဲသို့ အင်္ဂလန်နိုင်ငံရှိ HM Treasury နှင့် ငွေရေးကြေးရေး ဆိုင်ရာကြီးကြပ်မှု အာဏာပိုင်တို့မှ အရာရှိကြီးများနှင့် စင်ကာပူနိုင်ငံရှိ ငွေကြေးကြီးကြပ်မှုအာဏာပိုင်နှင့် Infrastructure Asia တို့မှ အရာရှိကြီးများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ ဆွေးနွေးစဉ်  သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို အားပေးသော အစိမ်းရောင်ငွေကြေးထောက်ပံ့မှု (Green Finance) ဆိုင်ရာကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ် ကုန်ပိုင်းတွင် လက်မှတ် ရေးထိုး၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည့်ကိစ္စရပ်များ၊ ငွေရေးကြေးရေးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်္ဂလန်နှင့် စင်ကာပူ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်၍ သတင်းအချက်အလက်ချိတ်ဆက်နိုင်မှု၏ အရေးပါမှုအခြေအနေများ၊ ကိုဗစ် ၁၉ ကပ်ရောဂါ ကြောင့် ဖြစ်ပေါ်လာသော ငွေရေးကြေးရေးလုပ်ငန်းများ၏ စွန့်စားရမှုများအပေါ် ငွေကြေး ထောက်ပံ့မှုနှင့် အာမခံပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ပွင့်လင်းသောငွေရေးကြေးရေးစျေးကွက်နှင့် စျေးကွက်အခြေအနေ ဆက်လက်ကောင်းမွန်စေရေးအတွက် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းသွားမည့်ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Monetary Authority of Singapore

Category: Singapore