China (HongKong)

အစိုးရဆန့်ကျင်ဆန္ဒပြမှုနှင့် COVID-19 ကြောင့် ဟောင်ကောင်ဒေသ၏ အကြီးဆုံး အလှကုန် ကုမ္ပဏီ Sa Sa ၏ ဝင်ငွေများဆုံးရှုံးနေခြင်း

Last Updated:

တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများနှင့် COVID-19 ကြောင့် ဟောင်ကောင်ဒေသ၏ အကြီးဆုံး အလှကုန်ကုမ္ပဏီ Sa Sa ၏ လက်လီရောင်းချမှုများ ကျဆင်းနေကြောင်း၊ ၃၁-၃-၂၀၂၀ ရက်နေ့အထိ အသားတင်ဆုံးရှုံးမှု ဟောင်ကောင်ဒေါ်လာ (၅၁၅.၉) မီလီယံရှိကြောင်း၊  COVID-19 မှာ ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရသည့် ရောဂါဖြစ်သောကြောင့် Sa Sa ဆိုင်ခွဲများဖွင့်လှစ်ထားသည့် နေရာအားလုံးတွင် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ လုပ်ငန်းများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရန် လိုအပ်လျှက်ရှိပြီး ကုန်ကျစရိတ်များ၊ ကုန်ပစ္စည်း လက်ကျန်များနှင့် ငွေသားများကို ထိန်း သိမ်းရန် အဓိကဦးစားပေး ဆောင်ရွက်ကြောင်း၊ တရုတ်ပြည်မကြီးမှ ခရီးသွားများလာရောက်မှု လေျာ့ကျမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ် အတွင်း ဒေသ၏စီးပွားရေးမှာ ဆိုးရွားနေမည်ဖြစ်ပြီး နောင်လာမည့် (၃) နှစ်အထိ စိုးရိမ်ရဖွယ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်း ‌ဟောင်ကောင်ဒေသ၏ စီးပွား‌ရေးမှာ (၈.၉) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Sa Sa လုပ်ငန်းတစ်ခုတည်းသာ ဆုံးရှုံးခြင်းမျိုးမဟုတ်ဘဲ လေကြောင်းလိုင်း လုပ်ငန်းဖြစ်သည့် Cathay Pacific၊ စားသောက်ဆိုင်လုပ်ငန်းများဖြစ်သည့် Cafe de Coral၊ အိမ်ခြံမြေလုပ်ငန်းများနှင့် စတိုးဆိုင်များတွင်လည်း ဆုံးရှုံးမှု များဖြစ်ခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေးဥပဒေအား ဆန္ဒပြမှုများကြောင့်လည်း ဆက်လက်ဆုံးရှုံးနိုင်ကြောင်း၊ လက်လီရောင်းချမှုမှာ ၁၄-၆-၂၀၂၀ ရက် နေ့အထိ ၆၉.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၁၄-၆-၂၀၂၀ ရက်နေ့အထိ ဟောင်ကောင်နှင့် မကာအိုဒေသရှိ စတိုးဆိုင်ပေါင်း (၁၂) ဆိုင်ကို ပိတ်သိမ်းခဲ့ကြောင်း၊ ဟောင်ကောင်ရှိ ပိတ်သိမ်းခဲ့ရသော ဆိုင်အများစုမှာ ခရီးသွားဧည့်သည်များ လာရောက်မှုများပြားသည့် Tsim Sha Tsui၊ Causeway Bay နှင့် Mong Kok ရှိဆိုင်များဖြစ်ကြောင်း၊ စီးပွားရေး ပြန်လည်ဦးမော့လာသည့် အချိန်အထိ လုပ်ငန်းများ၊ အရောင်းဆိုင် များ ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ရင်းနှီးငွေ ပြန်လည်မရနိုင်သည့် အကျိုးအမြတ်မရှိနိုင်သော စတိုးဆိုင်များကို လျေှာ့ချ သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဘဏ္ဍာနှစ်အတွင်း အမြတ်ငွေများကို ခွဲဝေမပေးရန် ဘုတ်အဖွဲ့မှလည်း ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ် : South China Morning Post  (18-6-2020)

 

Category: China (HongKong)