Thailand

အစိုးရအဖွဲ့အနေဖြင့်အခွန်သုညရာခိုင်နှုန်းဖြင့်မေလမှဇူလိုင်လအထိပြောင်းတင်သွင်းခွင့် အဆိုပြုချက်အပေါ်အတည်ပြုပေးခြင်း

Last Updated:

ယူကရိန်းနှင့် ရုရှား ပဋိပက္ခကြောင့် တိရစ္ဆာန်အစားအစာတွင် ပါဝင်သော ပစ္စည်းများပြတ်လပ်မှုကို လျှော့ပါးသက်သာစေရန်အတွက် အစိုးရ အဖွဲ့သည် မေလမှ ဇူလိုင်လအထိ ပြောင်းတန်ချိန် (၆၀၀,၀၀၀) ကို အခွန်သုညရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုရန် ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုချက်အား (၃-၅-၂၀၂၂) ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ှရိသူ Thanakorn Wangboonkongchana က အဆိုပါ ပြောင်းများတင်သွင်းမှုကို Public Warehouse Organization (PWO) နှင့် အထွေထွေကုန်ပစ္စည်းတင်သွင်းသူများ (General Importers) မှ ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခင်သတ်မှတ်ချက်များအရ (PWO) အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ Quota အရ တစ်နှစ်လျှင် ပြောင်းတန်ချိန် (၅၄၇,၀၀၀) အား အခွန် (၂၀%) ဖြင့် တင်သွင်းခွင့်ပြုခဲ့ပါသည်။

ဂျုံနှင့် ပြောင်းကဲ့သို့သော တိရစ္ဆာန်အစာရောစပ်ရာတွင် အသုံးပြုသည့် သီးနှံများသည် လပေါင်းများစွာ ပြတ်လပ်နေသည့်အတွက် အဆိုပါ ဂျုံနှင့် ပြောင်းတို့အား အစိုးရအနေဖြင့် ပြည်တွင်းလယ်သမားများအား အကာအကွယ်ပေးရန် ဆောင်ရွက်ခဲ့သော အတားအဆီးများကို ဖယ်ရှားပေးရန်  တိရစ္ဆာန်အစာထုတ်လုပ်သူများက အစိုးရကို တိုက်တွန်းတောင်းဆိုတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Mr.Thanakorn  ၏ အဆိုအရ အစိုးရအဖွဲ့သည် ဂျုံတင်သွင်းမှုအပေါ် ယာယီရပ်ဆိုင်းရန် အဆိုပြုချက်ကို အတည်ပြုပေးခဲ့ကြောင်း၊ ဂျုံတင်သွင်းသူများ အနေဖြင့် ပြည်တွင်းထွက်ပြောင်းကို (၁:၃) ဖြင့် မေလမှ ဇူလိုင်လအထိ သုံးလကြာဝယ်ယူရန်ဖြစ်ကြောင်း သိရှိရပါသည်။ အစိုးရအဖွဲ့သည် ပြည်တွင်း ထွက်ပြောင်းနှင့် ပီလောပီနံဈေးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဂျုံတင်သွင်းမှုကို ၂၀၁၆ ခုနှစ်တွင် ကန့်သတ်ခဲ့ကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့အနေဖြင့် ဆန်စပါးနှင့် ပြောင်း အာမခံအစီအစဉ်အတွက် အထောက်အပံ့ပေးရန် ဘတ်ငွေ (၂.၁၄) ဘီလီယံအား အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါ ဘတ်ငွေ (၂.၁၄) ဘီလီယံအနက် ဘတ်ငွေ (၁.၉၂) ဘီလီယံမှာ ဆန်စပါးအာမခံအစီအစဉ်အတွက်ဖြစ်ပြီး ကျန်ဘတ်ငွေ (၂၂၄) သန်းမှာ ပြောင်း အာမခံအစီအစဉ်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။ ဆန်စပါးအာမခံအစီအစဉ်သည် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် မြေ (၂၈.၅) သန်းရိုင်အား လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအနက် မြေ (၂၈) သန်းမှာ အစိုးရပိုင်လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဘဏ်၏ ဖေါက်သည် လယ်သမားများပိုင်ဆိုင် သည့် မြေများဖြစ်ပြီးကျန်ရှိသည့် မြေ (၅) သောင်းရိုင်မှာ အခြားသောလယ်သမားများ ပိုင်ဆိုင်သည့် မြေများဖြစ်ကြောင်း၊ ပြောင်းအာမခံအစီအစဉ်အနေ ဖြင့် မြေ (၂.၀၆) သန်းရိုင် အပေါ်လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြိူ့)

Source: Bangkok Post

Category: Thailand