China(Nanning)

အစိုးရ၏ ပံ့ပိုးမှုဖြင့် တရုတ် စက်မှုလုပ်ငန်းများ လုပ်ငန်းပြန်လည်စတင်လာ

Last Updated:

ကိုရိုနာကူးစက်ကပ်ရောဂါကြောင့် ရောဂါကူးစက်မခံရစေရန် အိမ်တွင်းအောင်း နေခဲ့ရသည့်ကာလပြီးနောက် ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်စတင်ရေး  အစိုးရက ဆက်တိုက်ပံ့ပိုးကူညီမှုများ ချမှတ်ဆောင်ရွက်လာခဲ့သောကြောင့် တရုတ်နိုင်ငံတစ်ဝှမ်း တွင် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် နိုင်ငံတဝှမ်းမှ အဓိကစက်မှုကုန်ထုတ်လုပ်ငန်းတစ်ဝက်ကျော်တို့က ၎င်းတို့၏ လုပ်ငန်း များကို ပြန်လည်စတင်ခဲ့ပြီဟု တရုတ်စက်မှုကုန်ထုတ် လုပ်ငန်းအဖွဲ့ချုပ် ၏ ထုတ်ပြန်ကြေငြာချက်အရသိရပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယုလင်တွင် အခြေစိုက်အင်ဂျင်ထုတ်လုပ်သည့်နိုင်ငံ၏ အကြီးမားဆုံးလုပ်ငန်းအုပ်စုဖြစ်သည့် Guangxi Yuchai Machinery Group လုပ်ငန်းက  ၎င်း၏လုပ်ငန်းကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ စတင်လည်ပတ် ခဲ့ကာ ပြည်တွင်းပြည်ပမှ ကုန်အမှာများကို လက်ခံရရှိလျက်ရှိကြောင်း၊ ယခု အချိန်အထိ တရုတ်နိုင်ငံတဝှမ်းမှ အင်ဂျင်များကိုမှာ ယူသည့်ပမာဏမှာ အလုံးရေ (၂) သောင်းကျော်သွားပြီဖြစ်ကြောင်း၊ ဈေးကွက်ဝယ်လိုအားမှာ အားကောင်း နေဆဲဖြစ်ကာ တိုးတက်မှုအရှိန်အဟုန်ရှိကြောင်း မှတ်ချက်ပြုပြောကြားပါသည်။

၎င်းလုပ်ငန်းအုပ်စုမှ ထုတ်လုပ်သော ခရီးသည်တင်ဘတ်စ်ကား အင်ဂျင်အလုံးရေ (၃) ထောင်ကို ဝယ်ယူသူများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဖြစ်သဖြင့် ၎င်းလုပ်ငန်းမှာ ကူးစက်ကပ်ရောဂါကြောင့် ပြည်ပမှ ကုန်အမှာစာများ ရပ်ဆိုင်းသွားခြင်း ကဲ့သို့ သောထိခိုက်နစ်နာဆုံးရှုံးမှု မရှိသလောက်ပင်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အလားတူပင် တရုတ်နိုင်ငံ၏ အကြီးများဆုံးစက်မှုလုပ်ငန်းအုပ်စုများဖြစ်သည့် Guangxi Liugong Groupသည်လည်း ထုတ်လုပ်ရေး စိတ်ချလုံခြုံမှုသေချာစေရန်နှင့် ဖောက်သည်များ၏ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်  ကူးစက်ကပ်ရောဂါကို တန်ပြန်စီမံဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှုများမရှိခဲ့ဟုသိရပါသည်။  ဖေဖော်ဝါရီလ (၁၉)ရက်နေ့တစ်ရက်တည်းမှာပင် အရှေ့အလယ်ပိုင်းနိုင်ငံများမှ မှာယူသော မြေတူးစက်နှင့် ဝန်ချီစက်ပေါင်း (၃၀) ကို မှာယူသူများ နှင့် ကုန်အမှာစာများတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily (၂၆-၂-၂၀၂၀)

Category: China(Nanning)