China (HongKong)

အထူးကုန်သွယ်ခွင့်ပြန်လည်ရုပ်သိမ်းခြင်းကြောင့် အမေရိကန်လုပ်ငန်းများ အထိနာမည်ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်းက အသိပေးပြောကြားခြင်း

Last Updated:

အမေရိကန်သမ္မတထရန့်က ၁၉၉၂ ခုနှစ်က သဘောတူထားခဲ့သည့် United States-Hong Kong Policy Act အရ ပေးအပ်ထားသည့် အထူး ကုန်သွယ်ခွင့်များကို ပြန်လည်ရုပ်သိမ်းမည့်ညွှန်ကြားချက် (Executive Order) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် (၂) ရက်အကြာ၌ ဟောင်ကောင်အထူးကုန်သွယ်ခွင့်များရုပ်သိမ်းမှုကြောင့် ဟောင်ကောင်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများထိခိုက်နိုင်ကြောင်း ဟောင်ကောင်ဒေသရှိ အကြီးမားဆုံး နိုင်ငံတကာ စီးပွားရေးအုပ်စုဖြစ်သည့် အမေရိကန်ကုန်သည်ကြီးများအသင်းက ပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကြောင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒကို အဟန့်အတားဖြစ်စေပြီး ဟောင်ကောင်ကို တရုတ်ပြည်မကြီးနှင့်တန်းတူထားဆက်ဆံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသို့ဝင်ရောက်ရန် ဟောင်ကောင်ပတ်စ်ပို့ကိုင်ဆောင်သူများကိုပေးအပ်ထားသည့် အထူးအခွင့်အရေးများကိုလည်း မကြာမီပြန်လည် ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်သည့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသ အရာရှိ ကြီးများကိုအရေးယူသည့် ဥပဒေကိုလည်းသမ္မတထရန့်မှ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများကို အခွန်ကောက်ခံသကဲ့သို့ဟောင်ကောင်ဒေသထုတ်ပစ္စည်းများတင်ပို့မှုနှင့် အမေရိကန်မှ စစ်လက်နက်ပစ္စည်းများတင်သွင်းမှု အပေါ်ကိုလည်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်သို့ အမေရိကန်နိုင်ငံမှ အဆင့်မြင့်နည်းပညာသုံး ကုန်စည်များတင်သွင်းမှုနှင့် အမေရိကန်သို့ ကျောင်းသားများသင်တန်းတက်ရောက်ခွင့်များကို ပယ်ဖျက်ခြင်းများလည်းပါဝင်ကြောင်း၊ ၁၉၉၇ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေကြောင့် ဟောင်ကောင်ဒေသသည် ကမ္ဘာ့စီးပွားရေးအချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အင်ဒို- ပစိဖိတ်ဒေသရှိ အမေရိကန်၏ အကျိုးစီးပွားကိုအကာကွယ်ပေးရန် ရည်ရွယ်ခဲ့ကြောင်း၊ ဟောင်ကောင်ရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများ ရှင်သန်ရန်မှာ ကုန်ပစ္စည်းများ အတွက် ပွင့်လင်းမြင်သာပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဈေးကွက်နေရာနှင့် စီးပွားရေးစနစ်ကောင်းများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ငွေကြေးလဲလှယ်မှုမူဝါဒနှင့် ပတ်သက်၍ အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက်စိုးရိမ်ပူပန်လျက်ရှိပြီး မူဝါဒမရှိလျှင် အောင်မြင်ရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများနှင့် စီးပွားရေးကိုလည်းထိခိုက်နိုင်ကြောင်း၊ သို့သော် ဟောင်ကောင်၌ ငွေသားများ လွတ်လပ်စွာစီးဆင်းမှု၊ ဥပ‌ဒေစိုးမိုးမှု၊ ကျွမ်းကျင်ပညာရှင်များနှင့် ရိုးရှင်းပြီးနိမ့်ပါးသည့်အခွန်ကောက်ခံမှုစနစ်ကို ကျင်းသုံးမည်ဟုပြောကြားထားသော်လည်းဟောင်ကောင်အနေဖြင့် ကမ္ဘာ့ငွေကြေးအချက်အချာကျသည့်ဒေသအဖြစ် ကြာရှည်စွာရပ်တည်ရန် မဖြစ်နိုင်ဟု အမေရိကန်ဘက်ကပြောကြားခဲ့ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်တက်နေသည့်အကြားတွင် ဟောင်ကောင်ဒေသသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေမည်ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး ကုမ္ပဏီများအတွက် ရန်ပုံငွေထည့်ဝင်မှုများတိုးရန် ဟောင်ကောင်စတော့ရှယ်ယာဈေးကွက်မှ ပံ့ပိုးမှုများရှိနေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ဂျီဒီပီမှာ COVID-19 ကြောင့် ယခုနှစ် တွင်(၇.၂) ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denis Tsang က“Revoking of Special Trade Status will hurt US Firms, AmCharm warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)