Brazil

အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်မှုကြောင့် ဘရာဇီးလ်နှင့်ချီကာဂိုဈေးကွက်များတွင် ပဲပုတ်စေ့ ဈေးနှုန်းများ မြင့်တက်

Last Updated:

ဒေါ်လာငွေတန်ဖိုးမြင့်တက်နေမှုနှင့်အတူ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေး နှုန်းများမြင့်တက်လျက်ရှိနေသဖြင့်  ဘရာဇီးလ်နိုင်ငံရှိ သီးနှံဈေးကွက်များတွင်လည်း ပဲပုတ်စေ့ ဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိသည်။

ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့ ၆၀ ကီလိုအရမ် ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၆၇ ဟဲရာမှ ၁၆၉ ဟဲရာ၊ Missions region ဈေးကွက်တွင် ၁၆၆ ဟဲရာမှ ၁၆၈ ဟဲရာ၊ Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ၁၇၀ ဟဲရာမှ ၁၇၂ ဟဲရာ၊ Paraná ပြည်နယ် Cascavel ဈေးကွက် တွင် ၁၆၅ ဟဲရာမှ ၁၆၆.၅၀ ဟဲရာ၊ Paranaguá (PR)ဆိပ်ကမ်းဈေးကွက်တွင် ၁၆၉.၅၀ ဟဲရာမှ ၁၇၂ ဟဲရာ၊ Rondonópolis (MT) ဆိပ်ကမ်းဈေးကွက်တွင် ၁၆၃.၅၀ ဟဲရာမှ ၁၆၅ ဟဲရာ၊ Dourados (MS) ဈေးကွက်တွင် ၁၆၀ ဟဲရာမှ ၁၆၁ ဟဲရာနှင့် Rio Verde (GO)ဈေးကွက်တွင် ၁၆၂ ဟဲရာမှ ၁၆၃ ဟဲရာ တို့သို့ အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ရှိသည်။

ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆၈ သန်းတင်ပို့ နိုင်ရန်မျှော်မှန်းထားကြောင်း National Association of Cereal Exporters (Anec)၏ အပတ်စဉ်လေ့လာဆန်းစစ်ချက်အားထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂.၁၇ သန်းတင်ပို့နိုင်ခဲ့ပြီး ယခုနှစ်စက်တင်ဘာလတွင် ပဲပုတ်စေ့တန် ချိန် ၄.၇ သန်း တင်ပို့ခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိကာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁.၂၃ သန်းတင်ပို့ခဲ့သည်။ အောက်တိုဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့ ကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၆၆၉,၇၀၀ တန်အားတင်ပို့သွားရန် မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။

အောက်တိုဘာလအတွင်း ပဲပုတ်ထွက်ကုန်စားသောက်ကုန်တန်ချိန် ၁.၁၉ သန်းတင်ပို့နိုင် ရန်ခန့်မှန်းထားပြီး ယခင်နှစ်ကာလတူက တန်ချိန် ၁.၃၃ တန်အား တင်ပို့နိုင်ခဲ့သည်။ ယခုနှစ် စက်တင် ဘာလတွင် တန်ချိန် ၁.၄၆ သန်းတင်ပို့ထားပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် ၁ နှစ်လုံး အတိုင်းအတာဖြင့် စုစုပေါင်းတန်ချိန် ၁၃.၉၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနောက်ပိုင်းကာလများတွင် သီးနှံဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ် ခဲ့သော်လည်း လောင်စာဆီနှင့် စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုကြောင့် သီးနှံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။  ချီကာဂိုစတော့ဈေးကွက်ရှိပဲပုတ်စေ့ကြိုပွိုင့်ရောင်းဝယ်မှုများတွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

လတ်တလောကာလတွင်ဖြစ်ပေါ်နေသည့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ဇီဝလောင်စာနှင့်စားသုံးဆီဝယ်လိုအားများ မြင့်တက်လျက်ရှိသည်။ အာရှတွင် စားအုန်းဆီဝယ်လို အားမြင့်တက်နေပြီး ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ထုတ်ကုန်ပစ္စည်းများ၏ ဝယ်လိုများ မြင့်တက်လျက်ရှိသည်။ ချီကာဂိုပဲပုတ်စေ့ဈေးကွက်သည် ဘရာဇီးလ်နိုင်ငံ၏ပဲပုတ်စေ့တင်ပို့နိုင်မှုအပြင် အမေရိကန်နိုင်ငံ၏ပဲပုတ်စေ့ရိတ်သိမ်းသည့် အခြေအနေများအပေါ်တွင်လည်း မူတည်နေ သည်။

ချီကာဂိုဈေးကွက်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွက်ကြိုပွိုင့်ဈေးနှုန်းသည် ပဲပုတ်စေ့ သီးနှံ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၄.၇၅ ဆင့်ဈေးနှုန်းမြင့်တက်သွားပြီး ၁၂.၅၀ ဒေါ်လာဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သည်။  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် ကြိုပွိုင့်ဈေးနှုန်းသည် ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၂.၆၁ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။

ချီကာဂိုဈေးကွက်ရှိ ပဲပုတ်စေ့ထွက်ပစ္စည်းဈေးကွက်တွင် ပဲပုတ်စေ့အခွံ ၁ တန်လျင် ၂.၄၀ ဒေါ်လာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၃၂၁.၂၀ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲပုတ်ဆီ ၁ ပေါင်လျင် ၂.၃၁ ဆင့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၆၁.၁၄ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာငွေတန်ဖိုး မြင့်တက်လျက်ရှိပြီး အမေရိကန် ၁ ဒေါ်လာလျင် ရောင်းဈေး ဘရာဇီးလ်ဟဲရာ ၅.၄၈၅၀ နှင့် ဝယ်ဈေး ၅.၄၈၃၀ ဟဲရာတို့ဖြင့် အရောင်အဝယ်များပြုလုပ်လျက်ရှိသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil