China (HongKong)

အမေရိကန်နိုင်ငံ၏ ခြိမ်းခြောက်မှုများအကြား ဘဏ္ဍာရေးကဏ္ဍတွင် စိုးရိမ်ဖွယ်ဖြစ်နေခြင်း

Last Updated:

အမေရိကန်နိုင်ငံမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် ဆုံးဖြတ်ချက်ကြောင့် စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများအား ထိခိုက်စေနိုင်ပြီး ဟောင်ကောင်ဒေသ၏ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ပထမဆုံး ခံစားရနိုင်ကြောင်း၊ ဟောင်ကောင်၏ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ကျဆင်းနိုင်ပြီး နှစ်ဦးနှစ်ဖက်စလုံးကို ထိခိုက်နိုင်စေကြောင်း၊ ပေကျင်းမှစီစဉ်ခဲ့သည့် အမျိုးသားလုံခြုံရေး ဥပဒေသည် ၁၉၉၂ ခုနှစ် အမေရိကန် - ဟောင်ကောင်မူဝါဒဆိုင်ရာဥပဒေ (US-Hong Kong Policy Act 1992) အရ အထူးသက်သာခွင့်များ ခံစားရမှုကို ခြိမ်းခြောက်နေမည်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်မကြီးပြီးလျှင် ဟောင်ကောင်ဒေသအတွက် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဟောင်ကောင်ဒေသ အခြေစိုက် အမေရိကန်ကုမ္ပဏီ (၁၃၀၀) ဖွင့်လှစ်ထားရှိကြောင်း၊ ဟောင်ကောင်ဒေသသည် အမေရိကန်နိုင်ငံအတွက် ကုန်သွယ်မှုပိုငွေပြသော ဒေသများထဲမှ တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၆.၄) ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၁၆) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ လက်ရှိဥပဒေစနစ်နှင့် ဆောင်ရွက်မှုများမှာ အမျိုးသားလုံခြုံရေး ဥပဒေကိုအာမခံချက်ပေးရန် လုံလောက်မှု မရှိကြောင်း၊ ဟောင်ကောင်ဒေသကို ပြန်လည်တည်ငြိမ်စေရန်နှင့် ပြည်သူများ၏ လွတ်လပ်ခွင့်ကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ရန် တရားဥပဒေဖြင့် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Holly Chik က “Financial Sector ‘At Risk’ Amid U.S.Threats” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)