China (HongKong)

အမေရိကန်ဘဏ်များ စိုးရိမ်ထိတ်လန့်မှုများဖြစ်နေခြင်း

Last Updated:

အာရှဒေသ၌ အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသည့် အမေရိကန်ဘဏ်အများစုသည် ဟောင်ကောင်ဒေသ၌ တရုတ်ပြည်မကြီးမှ ငွေများဝင်ထွက်ဆောင်ရွက်နေသည့် ဘဏ္ဍာရေးအချက်အချာကျသည့်ဒေသအဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဆောင် ရွက်လျက်ရှိကြောင်း၊ သို့သော် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် နိုင်ငံခြားလုပ်ငန်းများ ဟောင်ကောင်ဒေသမှ ထွက်ခွာရန်ခြောက်လန့်လျက်ရှိကြောင်း၊ အမျိုးသားလုံခြုံရေးဥပဒေအား အတည်ပြုလိုက်ပါက ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာအမြင့်ဆုံးကို ကြာရှည်စွာ ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း၊ အမေရိကန်နှင့် ဟောင်ကောင်ဒေသတို့အကြားတွင် အခွန်နှုန်းကောက်ခံမှုများမြင့်မားခြင်း၊ အရေးယူမှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဗီဇာကင်းလွတ်ခွင့်များ အစရှိသည့် စီးပွားရေး ပိတ်ဆို့မှု များနှင့် ဘဏ်လုပ်ငန်းတို့တွင် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်မကြီးပြီးလျှင် ဟောင်ကောင်၏ ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်ဘဏ်ကဏ္ဍမှ ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ အမေရိကန်ဘဏ် (၅) ရာခိုင်နှုန်းရှိကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ဒေသအား တရုတ်ပြည်မကြီးသို့ ပြန်လည်လွှဲပြောင်းပြီးနောက်တွင် လွတ်လပ်သော ဆိပ်ကမ်းဒေသအဖြစ် ဆောင်ရွက်စေပြီး အခွန်ကောက်ခံမှုများ အထူးသက်သာ ခွင့်ပေးခဲ့ကြောင်း၊ ယခုအခါ အမေရိကန်မှ တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ရာ ဟောင်ကောင်ဒေသ၏ နိုင်ငံတကာစီးပွားရေးနှင့် ငွေကြေးစင်တာအနေအထားကို အားလျော့စေမည်ဖြစ်ကြောင်း၊ အမေရိကန်ဘဏ်များအတွက် တရုတ် ပြည်မကြီးအတွင်းနှင့် ပြည်မကြီးပြင်ပရှိ ဘဏ်များနှင့် ဘဏ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ၌ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ရန် ဟောင်ကောင်ဒေသမှာသိသာစွာ အချက်အချာကျသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ Citi Group၊ JP Morgan နှင့် Morgan Stanley တို့သည်လည်း Alibaba Group နှင့် ၂၀၁၉ ခုနှစ်က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နည်းပညာကုမ္ပဏီများဖြစ်သည့်JD.com နှင့် NetEAse တို့သည်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်၌ ဒုတိယအကြီးဆုံး စတော့ရှယ်ယာကုမ္ပဏီအဖြစ် လုပ်ကိုင်ရန် ပြင်ဆင်လာကြောင်း၊ ပေကျင်းမှ နိုင်ငံခြားပိုင်လုံခြုံရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုများနှင့် အာမခံကုမ္ပဏီများကို ဖြေလျှော့မှုများပေးခဲ့ရာ အမေရိကန်နှင့် ဥရောပကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် Goldman ၊ JP Morgan နှင့် Morgan Stanley တို့သည် ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်မကြီးသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း၊ တရုတ်ပြည်မကြီးမှ ငွေကြေးဝန်ဆောင်မှုကဏ္ဍကို ဖြေလျော့မှုမှာ ဟောင်ကောင်မှလုပ်ငန်းများ ပြန်လည်ထွက်ခွာလာရန်မရည်ရွယ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲတင်းမာမှုနှင့် ဟောင်ကောင်မြို့တွင်း ဆန္ဒပြမှုများမှာ ဟောင်ကောင်ဒေသ၏ အနာဂတ်ဆွဲဆောင်နိုင်မှုများအတွက် မေးမြန်းစရာများဖြစ်လာကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Chad Bray က “US Banks fear being caught in middle of row” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)