China (HongKong)

အမျိုးသားလုံခြုံရေးဥပ‌ဒေကြောင့် အမေရိကန်မှ ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်ရာ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားသည့်အနေဖြင့် ဟောင်ကောင်ရှိဘဏ်များတွင် ဘဏ်ငွေအပ်သူများ စာရင်း ပြန်လည်စိစစ်ခြင်း

Last Updated:

အမျိုးသားလုံခြုံရေးဥပဒေကြောင့်တရုတ်လူမျိုးအရာရှိများကိုအမေရိကန်မှ ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်ရာ ဟောင်ကောင်ရှိကမ္ဘာလုံးဆိုင်ရာဘဏ်များမှာ ၎င်းတို့၏ဘဏ်ငွေအပ်သူ များစာရင်းကို ပြန်လည်ပြုစုလျက် ရှိကြောင်း၊ Citi Group ၊ Goldman Sachs ၊ HSBC နှင့် Standard Charter အစရှိသည့် ဘဏ်ကြီးများမှာ အမေရိကန်မှ ကန့်သတ်တားမြစ်ထားသည့် နာမည်ပျက်စာရင်းတွင် ပါဝင်သည့်သူများနှင့် စီးပွားရေးလုပ်မိပါက အရှုံးပေါ်နိုင်ကြောင်း၊ ဘဏ်များအနေဖြင့် အမေရိကန် ဘဏ်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် အမေရိကန်၏ တားမြစ်ကန့်သတ် သည့် စာရင်းတွင် ပါဝင်သူများ၏ ဘဏ်ငွေအပ်ထားသူများ အကောင့်ကို ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ အမေရိကန်က အသစ်ပြဋ္ဌာန်းလိုက်သည့် Hong Kong Autonomy Act ကြောင့် ဟောင်ကောင်ငွေကြေးနှင့် ဘဏ္ဍာရေးစနစ်ကိုပြောင်းလဲမှုမရှိဟု Hong Kong Monetary Authority (HKMMA) က ပြောကြားခဲ့ကြောင်း၊ အမေရိကန်သမ္မတထရန့်မှ တရုတ်လူမျိုးများအား နာမည်ပျက်စာရင်းသွင်းခြင်းမှာ ရှင်းကျန်း (Xinjiang) ဒေသရှိ လူ့အခွင့်အရေးဆိုင်ရာကိစ္စများနှင့်လည်း ဆက်စပ်နေကြောင်း၊ နိုင်ငံရေးအရ ဖော်ပြထားသောပုဂ္ဂိုလ် (Politically exposed person -PEP) ဟု သိရှိကြသည့် အစိုးရအရာရှိများနှင့် ပတ်သက်နေသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်များ၏ ငွေလွှဲပြောင်းမှုများ ပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီများမှာ အမေရိကန်နိုင်ငံ၏ ငွေကြေးကဏ္ဍတွင် ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ဘဏ်များနှင့် ဘဏ်ငွေအပ်သူတို့အကြား ပြန်လည် စစ်ဆေးသုံးသပ်ခြင်းကို ပုံမှန်ပြုလုပ်ရာတွင် ပါဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်ဘဏ်များဖြစ်သည့် Goldman Sachs နှင့် Morgan Stanley ဘဏ်တို့ သည် နိုင်ငံခြားအဂတိလိုက်စားမှုအလေ့အထအက်ဥပ‌‌ဒေ (Foreign Corrupt Practice Act-FCPA) နှင့် ငြိစွန်းမည်ကို စိုးရိမ်သောကြောင့် မကြာမီနှစ်များကစတင်၍ ကမ္ဘာအနှံ့တွင် အစိုးရအရာရှိများနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများကို ရှောင်ရှားခဲ့ကြောင်း၊ အမေရိကန်မှ ဟောင်ကောင်အရာရှိများအပေါ် ကန့်သတ်တားမြစ်မှုကြောင့် ဟောင်ကောင်ရှိ စီးပွားရေးဘဏ်များဖြစ်သည့် Citigroup ၊ HSBC နှင့် Standard Charter မှငွေချေးယူထားသည့် ဟောင်ကောင် အစိုးရအရှာရှိများနှင့် ပတ်သက်မှုမှာ ပိုမိုရှုပ်ထွေးနိုင်ကြောင်း၊ တရုတ်-အမေရိကန်နိုင်ငံတို့ အကြား တင်းမာမှုများမြင့်တက်လာခြင်းနှင့်Hong Kong Autonomy Act ကြောင့် ဟောင်ကောင်ဒေသအတွက် စိုးရိမ်ဖွယ်ဖြစ်သော်လည်း ဟောင်ကောင်ဒေသအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လ ၂၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Chad Bray က “Preparing for the worst, banks in Hong Kong reviewing client lists as US Preps sanctions over national security law” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)