China (HongKong)

အလုပ်သမာများကိုအတင်းအကြပ်စေခိုင်းမှုစွပ်စွဲချက်များဖြင့် အမေရိကန်မှ ကန့်သတ် တားမြစ်မှုများ ပြုလုပ်သော်လည်း ဟောင်ကောင်အထည်ချုပ်လုပ်ငန်း Esquel သည် ရှင်းကျန်းဒေသရှိ စက်ရုံအားဆက်လက်ဖွင့်လှစ်ထားမည်

Last Updated:

အမေရိကန်၏ ဥပဒေမူကြမ်းတွင် ကန့်သတ်တားမြစ်ခံရမည့် ကုမ္ပဏီ (၆)ခုတွင် Esquel သည် ရှင်းကျန့် (Xinjiang) ဒေသရှိစက်ရုံ၌ အလုပ်သမားများ အတင်းအကြပ်စေခိုင်းမှုကြောင့် ကန့်သတ်တားမြစ်ခံရမည့် ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ COVID-19 ကြောင့် Esquel အပါအဝင်ယှဉ်ပြိုင်ဖက်ကမ္ဘာ့ဖက်ရှင်လုပ်ငန်းများမှာလည်း ထိခိုက်လျက်ရှိကြောင်း၊ နှစ်ပေါင်း (၄၂) နှစ်ကြာပြီဖြစ်သော ဟောင်ကောင်အခြေစိုက် အထည်အလိပ်လုပ်ငန်းကုမ္ပဏီ Esquel သည်လည်း ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ Esquel သည် ၁၉၉၀ ခုနှစ်တွင် တရုတ်နိုင်ငံ အနောက်ပိုင်းရှိရှင်းကျန်းဒေသ၌စက်ရုံစတင်လည်ပတ်ဆောင်ရွက်ခဲ့ကြောင်း၊ အခြားသော ကန့်သတ် တားမြစ်ခံရမည့်ကုမ္ပဏီ(၅)ခုမှာ တရုတ်ပြည်မကြီးကုမ္ပဏီများဖြစ်ကြောင်း၊ အနောက်နိုင်ငံ မှ ကုမ္ပဏီများမှာလည်း အဆိုပါ အလုပ်သမားအတင်းအကြပ်စေခိုင်းသည့် ကုမ္ပဏီများ နှင့် ဆက်စပ်လျက်ရှိကြောင်း၊ Esquel ၏ ဝယ်ယူသူများတွင် Nike ၊ Patagonia နှင့် Tommy Hilfiger တို့ပါဝင်ကြောင်း၊ ဥပဒေမူကြမ်းအား အတည်ပြုပြီးလျှင် ပေကျင်းမှ Uygur မူစလင်များကို ထိန်းသိမ်းထားခြင်းအား စွပ်စွဲမှုများနှင့် အလုပ်သမားကို အတင်းအကြပ်စေခိုင်းမှုများကြောင့် ရှင်းကျန်းမှ အမေရိကန်သို့တင်ပို့မှုများကန့်သတ်တားမြစ်မည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များမှာ အမေရိကန်အရာရှိများနှင့် နိုင်ငံရေး သမားများကို တရုတ်မှ ကန့်သတ်တားမြစ်ခဲ့မှုများ နှင့်လည်း အပြန်အလှန် ပတ်သက်နေကြောင်း၊ Esquel သည်အဝတ်အထည် (၁၀၀) မီလီယံကျော်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံကို နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ အမေရိကန်သို့ တင်ပို့နေ ကြောင်း၊ Esquel သည် အမေရိကန်မှ ကန့်သတ်မှုများ ပြုလုပ်လျှင်ပင် ရှင်းကျန်း၌ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ် ကြောင်း၊ ချည်မျှင်စက်ရုံ (၃) ရုံ ကို ၁၉၉၅ ၊ ၁၉၉၈ နှင့် ၂၀၀၉ ခုနှစ်တို့တွင် အသီးသီး တည်ထောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖိုရှန်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စက်ရုံများမှာကြီးမားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အလုပ်သမားအရေအတွက်လည်းများပြားကြောင်း၊ ရှင်းကျန်းသည်တည်နေရာအရ မဟာဗျူဟာကျသည့်နေရာတွင် ရှိကြောင်း၊ ရှင်းကျန်းဒေသရှိစက်ရုံမှ ထုတ်လုပ်သည့်အင်္ကျီများမှာ နာမည်ကြီးကုန်အမှတ်တံဆိပ်များလည်းပါဝင်ကြောင်း၊ တရုတ်နိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်၊ နင်ဘို (Ningbo) ရှိ စက်ရုံနှင့် မလေးရှားနိုင်ငံရှိ စက်ရုံ (၂) ရုံတို့ကို ပိတ်သိမ်းခဲ့ကြောင်း၊ မောရေးရှပ်စ်ရှိ စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ စက်ရုံ(၄) ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမားဦးရေ (၁၀,၀၀၀) ခန့် အလုပ်ရပ်နားရမည်ဖြစ်ကြောင်း၊ COVID-19ကြောင့် ထုတ်ကုန်အမျိုးမျိုး ပြောင်းလဲထုတ်လုပ်သည့် စီးပွားရေးမဟာဗျူဟာအရ ပြန်လည်အသုံးပြုနိုင်သည့် ဘက်တီးရီးယားကာကွယ်နိုင်သည့် နှာခေါင်းစည်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြောင်းလဲ ထုတ်လုပ်ခဲ့ကြောင်း၊ မတ်လမှစတင်၍ နှာခေါင်း စည်း (၃၅) မီလီယံကို ရောင်းချခဲ့ရာစင်ကာပူနိုင်ငံ Temasek Foundation သို့ နှာခေါင်းစည်း (၁၀) မီလီယံ ရောင်းချခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုမှ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအလေးထားလာသောကြောင့် မျက်နှာအကာအကွယ်ပဝါများကိုလည်း Esquel မှ ဆက်လက် ထုတ်လုပ် သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Peggy Sito နှင့် Shad Bray က “Hong Kong textile firm Esquel to keep its Xinjiang factories open despite US sanctions threat over ‘forced labour’ accusations” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)