ဟောင်ကောင်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တွင် ဟောင်ကောင်ဒေါ်လာ (၂၂) ဘီလီယံရှိသည့် ရင်းနှီးမြှုပ်နှံမှု အသစ်ကို လုပ်ကိုင်နိုင်မည့် ပုဂ္ဂလိကရှယ်ယာရန်ပုံငွေအဖွဲ့များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အစိုးရမှ စီမံကိန်းတစ်ခုချင်းစီ အား အကဲဖြတ်ဆောင်ရွက်ခြင်းထက် ပုဂ္ဂလိကရှယ်ယာရန်ပုံငွေအဖွဲ့များနှင့် တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များကို ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရမည့် ရန်ပုံငွေစီမံခန့်ခွဲသူ မန်နေဂျာအရေ အတွက် မည်မျှရှိမည်ကိုမသိရှိသေးကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလက ပြောကြားခဲ့မှုတွင် ရင်းနှီးမြှုပ်နှံမှုအသစ်အတွက် ဟောင်ကောင်အစိုးရမှ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၁၀) နှစ်ကြာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ယာယီလျာထားပြီး လိုအပ်သလို နှစ်တိုး၍ ဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားသည့် Future Fund မှ ဟောင်ကောင်ဒေါ်လာ (၂၂.၄၅) ဘီလီယံအား အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အဆိုပါရှယ်ယာရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအသစ်အား ဟောင်ကောင်မြို့၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်ငန်းများ ဖြစ်သည့် ငွေကြေးဝန်ဆောင်မှု၊ ကူးသန်းရောင်းဝယ်ရေး၊ လေကြောင်းလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းတို့ကိုမြှင့်တင်ရန်ရည်ရွယ်၍ စီမံကိန်းများတွင် ရင်နှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဟောင်ကောင် ဒေသ၏အနာဂတ် စီးပွားရေးကို ကူညီပံ့ပိုးရာရောက်မည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် Future Fund သည် ဟောင်ကောင်-အမေရိကန် ဒေါ်လာငွေလဲလှယ်မှုများကို နှုန်းတစ်ရပ်ဖြင့် ကန့်သတ်ထားခြင်း (peg)နှင့် ဟောင်ကောင်ဒေသ၌ ပိုင်ဆိုင်မှုများရင်းနှီး မြှုပ်နှံခြင်း မရှိဘဲငွေကြေး ရောင်းချလဲလှယ်မှုများကို အကာအကွယ်ပေးရန်ဖွဲ့စည်းထားသည့် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်ခဲ့ရာမှ ဟောင်ကောင်၏ အရန်ရန်ပုံငွေစနစ်တွင် အစိုးရမှပုဂ္ဂလိရှယ်ယာ ရန်ပုံငွေအဖွဲ့ကို ပထမဆုံး အကြိမ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေစနစ်အသစ်တွင် အိမ်ခြံမြေကုမ္ပဏီများ ပါဝင်မည်မဟုတ်သော်လည်း တိုးတက်မှုနှုန်းမြင့်မားပြီး ပြန်လည်ရရှိမှုမြင့်မားမည့် တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ Future Fund အနေဖြင့် ဝင်ငွေပြန်လည်ရရှိခဲ့မှုများမှာ၂၀၁၇ ခုနှစ်တွင် (၄.၅) ရာခိုင်နှုန်း၊ ၂၀၁၈ခုနှစ်တွင်(၉.၆) ရာခိုင်နှုန်းနှင့် ၂၀၁၉ခုနှစ်တွင် (၆.၁) ရာခိုင်နှုန်းရှိကြောင်း၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးနှင့် ဆက်စပ်နေသည့် ဒေသ၏အခွန်စနစ်ကို ပြန်လည်သုံးသပ်ရန်အဖွဲ့ဝင် (၁၄) ဦးပါဝင်သည့် အကြံပေးအဖွဲ့ကိုဒေသအစိုးရမှ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းမှာ အဖွဲ့ဝင်နိုင်ငံ (၃၇) နိုင်ငံပါဝင်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organization for Economic Cooperation and Development-OECD) မှ ဒစ်ဂျစ်တယ်လ် စီးပွားရေးလုပ်ငန်းများ ကမ္ဘာလုံး ဆိုင်ရာအခွန်နှုန်း အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေမှုအား ပါဝင်ဆောင်ရွက်နိုင်ရန် ပြောင်းလဲလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် အားလုံးသဘောတူညီမှုဖြင့် ဖြေရှင်းနိုင်ရန် OECD မှ မျှော်မှန်းထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “Hunt for new investment fund managers to begin” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)
 
                         
                        