China(Nanning)

အာဆီယံနိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည့် ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  တရုတ်-အာဆီယံပြည်သူ့ ကျန်းမာရေး ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ဆောက်ရေးအား အရှိန်မြှင့်တင်ရန်နှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကဲ့သို့ ပေါင်းကူးဆက်သွယ် ပေးသည့် platformများအား အပြည့်အဝအသုံးပြုသွားမည်ဟု ကွမ်ရှီးကျန်းမာရေး ကော်မရှင်၏ ညွှန်ကြားရေးမှူး Liao Pinhu က ကြေငြာထားပါသည်။

ကွမ်ရှီးသည် ကိုရိုနာကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက အာဆီယံနိုင်ငံများနှင့်  ဆေးဘက်ဆိုင်ရာနည်းလမ်းများ ပံ့ပိုးပေးရန် ကမ်းလှမ်းခြင်းနှင့် အတွေ့အကြုံများအား မျှဝေပေးခြင်းတို့ကို စုဖွဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကပ်ရောဂါအား တွန်းလှန်ရေး အာဆီယံနိုင်ငံများသို့ ကူညီပေးရန် ပထမဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ကို စေလွှတ်ခဲ့သည့် ဒေသလည်းဖြစ်ပါသည်။

ကွမ်ရှီးအနေနှင့် အဓိကကပ်ရောဂါများနှင့် ြည်သူ့ကျန်းမာရေးအရေးပေါ် ကိစ္စများဖြစ်ပွားမှုမှ ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်၊ သတင်းအချက်အလက်နှင့် နည်းနာနိဿရည်းများအား အပြန်အလှန်ဝေမျှမှုကို မြှင့်တင်ရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားအား အမြင့်ဆုံးဖြစ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု Liao က ပြောကြားထားပါသည်။

နိုင်ငံတော်အဆင့်ရေကြောင်းအရေးပေါ် ဆေးဝါးကယ်ဆယ်ရေးအသင်းအား အခြေပြုလျက် အပြည်ပြည်ဆိုင်ရာဆေးဝါးကယ်ဆယ်ရေးအသင်းကိုလည်း ကွမ်ရှီးက တည်ထောင်သွားမည်ဖြစ်ပါသည်။

ယခုအခါ နန်နင်းနှင့် ကွမ်ရှီးတွင် တရုတ်-အာဆီယံ ဆေးရုံပူးပေါင်း ဆောင်ရွက်မှုအားတည်ထောင်ထားပြီးဖြစ်ကာ၊  အာဆီယံနိုင်ငံများ၊ ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် သင်တန်းများကို တက်ကြွစွာအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် လာမည့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလ အတွင်း တတိယအကြိမ်မြောက် တရုတ်-အာဆီယံကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ဆက်စပ်နေသည့်ဖိုရမ်ငယ်များအား ကျင်းပသွားမည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ en.gxzf.gov.cn (၂၉-၉-၂၀၂၀)

.................................................

Category: China(Nanning)