China(Nanning)

အာဆီယံနိုင်ငံများမှ တရုတ်တိုင်းရင်းဆေးများ တင်သွင်းရေးအတွက် စစ်ဆေးမည့်နေရာတစ်နေရာ ထပ်မံခွင့်ပြုလိုက်သည့် ကွမ်ရှီးဒေသ

Last Updated:

ယခုအခါ အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်သွင်းလာသည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချုံးကျိုရှိ Aidian စစ်ဆေးရေးဂိတ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။ ၎င်းဆုံးဖြတ်ချက်ကို နိုင်ငံတော်ကောင်စီ၊ တရုတ်အကောက်ခွန်ဌာနနှင့် နိုင်ငံတော် ဆေးဘက်ဆိုင်ရာပစ္စည်းများ စီမံခန့်ခွဲရေးတို့မှ အတည်ပြုဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါသည်။

ယခုအခါ ကွမ်ရှီးမှာ တရုတ်- အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ အာဆီယံ နိုင်ငံများမှ တရုတ်တိုင်းရင်းဆေးဝါးကုန်ကြမ်းများကို တင်သွင်းရေးအတွက် အဓိကလမ်းကြောင်း တဖြည်းဖြည်းဖြစ်လာကြောင်း၊ အာဆီယံမှ တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများကို ကွမ်ရှီးစစ်ဆေးရေးဂိတ်များမှ တင်သွင်းသည့် ပမာဏမှာ ၂၀၂၀ ပြည့်နှစ်မှစ၍ နှစ်နှစ်ဆက်တိုက် ပထမနေရာတွင် ရှိခဲ့ကြောင်း ကွမ်ရှီးဒေသ၏ ဆေးဘက်ဆိုင်ရာပစ္စည်းများ စီမံခန့်ခွဲရေး အကြီးအကဲ Huang Chen က မှတ်ချက်ပြုပြောကြားပါသည်။

ယခုအချိန်အထိ ကွမ်ရှီးတွင် တရုတ်တိုင်းရင်းဆေးများ တင်သွင်းနိုင်သည့် စစ်ဆေးရေးဂိတ် (၅) ခု ရှိပြီဖြစ်ပါသည်။ ၎င်းတို့မှာ နန်နင်း၊ ချုံးကျိုရှိ Aidian စစ်ဆေးရေးဂိတ်နှင့် Pingxiang ဂိတ်၊ ဖန်ချန်းကန်ရှိ Dongxing စစ်ဆေးရေးဂိတ်၊ ပိုင်စဲ့ရှိ Longbang စစ်ဆေးရေးဂိတ်များ ဖြစ်ပါသည်။ ၎င်းဂိတ်များတွင် မလေးရှား၊ အင်ဒိုနီဂရှား၊ ကမ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံများနှင့် လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။

အနာဂတ်တွင် ရှားပါးသည့် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများကို တင်သွင်းရေးအတွက် ပြုပြင်ထုတ်လုပ်သည့် အခြေပြုနေရာ များကို တည်ဆောက်သွားရန် ကွမ်ရှီးက အရှိန်မြှင့်တင်၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: en.gxzf.gov.cn (21-3-2022)

Category: China(Nanning)