China(Nanning)

အာဆီယံနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကွင်းဆက်တည်ဆောက်မှုကို အရှိန်မြှင့်နေသည့် ကွမ်ရှီးကျွမ့်ဒေသ

Last Updated:

ယခုအခါ တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် နိုင်ငံဖြတ်ကျော်လုပ်ငန်းများ တည်ဆောက်ခြင်း၊ အာဆီယံနှင့် ကုန်စည်ထောက်ပံ့ခြင်းနှင့် တန်ဖိုးမြှင့်ကုန်စည်ထုတ်လုပ်ခြင်း ကွင်းဆက်ကဲ့သို့ ချိတ်ဆက်မှုများကို ပြုလုပ်ခြင်းနှင့်အတူ ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။

ကွမ်ရှီး FTZ ၏ နန်နင်းနယ်မြေတွင် အဆင့်မြင့်စက်မှုထုတ်ကုန်များ ပေါင်းစပ်ထုတ်လုပ်ခြင်းနှင့် အဆင့်မြင့် အီလက်ထရောနစ်သတင်းအချက်အလက်၊ 5G terminal၊ ခေတ်မီဘဏ္ဍာရေး၊ smart  နည်းပညာသုံး သယ်ယူပို့ဆောင်မှု၊ big data တို့ဖြင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့ ကို မြှင့်တင်ဆောင်ရွက်လျက်ရှိကာ ပိုမိုအဆင့်မြင့်စွာ တံခါးဖွင့်ကြိုဆိုလျက်ရှိပါသည်။

အာဆီယံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြုမည့် ကုမ္ပဏီများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် China-ASEAN Business Center ကိုလည်း တည်ဆောက်လျက်ရှိပါသည်။

ချင်းကျိုးနယ်မြေတွင် ဓာတုဗေဒဆိုင်ရာပစ္စည်းများ၊ မော်တော်ယာဉ်နှင့် စွမ်းအင်အသစ်သုံး မော်တော်ယာဉ်များကို ခြုံငုံသည့်ကဏ္ဍများကို ပိုမိုအလေးထားကာ တည်ဆောက်လျက်ရှိပါသည်။

၎င်းနယ်မြေတွင် တရုတ်-မလေးရှား ချင်းကျိုးစက်မှုဇုန်ရှိပြီး၊ မလေးရှားနိုင်ငံတွင်လည်း မလေးရှား-တရုတ် Kuantan စက်မှုဇုန်ရှိကာ၊ တင်သွင်းခြင်းနှင့် ပြုပြင်ထုတ် လုပ်ခြင်းများကို ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။

ချုံးကျိုနယ်မြေတွင် နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် သတင်းအချက်အလက်နှင့် ရေထွက်ကုန်၊ အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် သကြားကဲ့သို့ အာဆီယံ နိုင်ငံများ၏ ထင်ရှားသည့် ကုန်ပစ္စည်းများကို အချောသတ်ထုတ်လုပ်ရေးဟူသည့် စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာကွင်းဆက် (၂) ရပ်ကို ကနဦးဖွဲ့စည်းထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: CHINA DAILY (23-9-2021)

Category: China(Nanning)