China(Nanning)

အာဆီယံနှင့် နိုင်ငံဖြတ်ကျော် e-commerce လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လာသည့် တရုတ်နိုင်ငံ

Last Updated:

ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ စားသုံးသူများသည် Lazada e-commerce platform ပေါ်မှ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူနေကြပြီး၊ ကွမ်ရှီးတက္ကသိုလ်မှ ထိုင်းဘာသာသင်ကြားသည့် ဆရာမတစ်ဉီးက နန်နင်းမြို့ရှိ Tus-Innovation မှနေ၍ ထိုင်းဘာသာစကားဖြင့် တိုက်ရိုက်ထုတ်လွှင့်ပေးကာ ကြော်ငြာပေးနေ သည်ဟု သိရပါသည်။ Tus-Innovation ၏ နိုင်ငံရပ်ခြားစီမံကိန်းမှာ အရှေ့တောင်အာရှနိုင်ငံများဆီသို့ လျင်မြန် စွာတိုးချဲ့နေပြီး၊ ၎င်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော် e-commerce ကုမ္ပဏီကြီးများအနက် တစ်ခုဖြစ် ကြောင်း သိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နှင့် အာဆီယံတို့၏ နှစ်နိုင်ငံ ကုန်သွယ် မှုတန်ဖိုးမှာ ယွမ်ငွေ (၂.၆၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၁၁.၉ ဘီလီယံ)သို့ ရောက်ရှိ ခဲ့ကာ၊ ယခင်နှစ်ကထက် (၂၇.၈) ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု တရုတ်အကောက်ခွန်ဌာန၏ စာရင်းများအရ သိရပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အာဆီယံနှင့် မြေမျက်နှာသွင်ပြင် နီးကပ်စွာတည်ရှိသဖြင့် မကြာ သေးမီနှစ်များအတွင်း အာဆီယံနှင့် နိုင်ငံဖြတ်ကျော် e-commerce ကဏ္ဍဖွံ့ဖြိုးလာခဲ့ပါသည်။  ယခုနှစ် ပထမ နှစ်ဝက်အတွင်း ကွမ်ရှီး လွတ်လပ် သော ကုန်သွယ်ရေးဇုန်မှ နိုင်ငံဖြတ်ကျော် e-commerce ဆောင်ရွက်ခဲ့သည့် တန်ဖိုးမှာ ယွမ်ငွေ (၃.၄) ဘီလီယံကျော် ရှိခဲ့ပြီး၊ ၎င်းဇုန်အတွင်းရှိ နန်နင်းနှင့် ချုံးကျိုနယ်မြေများမှာ နိုင်ငံတော် အဆင့် နိုင်ငံဖြတ်ကျော် e-commerce ဘက်စုံစမ်းသပ်ဇုန်များဆောင်ရွက်ရန် အတည်ပြုပေးထားသည့် နယ်မြေ များ ဖြစ်ကြပါသည်။

ကွမ်ရှီး၏ နိုင်ငံဖြတ်ကျော် e-commerce ဆောင်ရွက်ရေး ကြိုးပမ်းမှုများကြောင့်  အာဆီယံနိုင်ငံများမှ ပါရမီရှင် များကို ပိုမိုဆွဲဆောင်နိုင်လျက်ရှိပါသည်။ Lazada Cross-Border Eco-Innovation Service Center (နန်နင်း) ကို Tus-Innovation တွင် ၂၀၁၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံများမှ တိုက်ရိုက် live ထုတ်လွှင့်သူပေါင်း (၂၀၀) ကျော်ကို အလုပ်ခန့်ထားနိုင်ခဲ့ပါသည်။ ၎င်းတိုက်ရိုက် live ထုတ်လွှင့်သူများအတွက် သင်တန်းများနှင့် ပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက် ရှိပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲကာလများတွင်လည်း အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံတွင် ဈေးကွက်ရရှိစေရန် နာမည်ကျော်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ တိုက်ရိုက်ထုတ်လွှင့်ပြသစေခဲ့ပါသည်။

တရုတ်နှင့် အာဆီယံနိုင်ငံများသည် နိုင်ငံဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် နှစ်ဉီး နှစ်ဖက်ကုန်သွယ်မှုများကို ပိုမိုမြှင့်တင်နိုင်ကာ၊ နည်းပညာ၊ ပါရမီနှင့် သတင်းအချက်အလက်အပါအဝင် e-commerce ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ကွမ်ရှီးဒေသတွင်း ကူးသန်းရောင်းဝယ်ရေး ဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဉီးက မှတ်ချက်ပြုပြောကြားထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၀-၁၀-၂၀၂၁)

Category: China(Nanning)