China(Nanning)

အားလပ်ရက်ရှည်ကာလအတွင်း နန်နင်းမြို့၏ သုံးစွဲမှု ဆက်လက်တိုးတက်လာသည်ကို တွေ့ရှိရ

Last Updated:

တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဉီးရာသီအလယ် ပွဲတော်ကာလ အားလပ်ရက်ရှည်ကာလအတွင်း နန်နင်းမြို့ရှိ စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည့် နေရာ (၁၉) ခု၊ အဆင့်မြင့်ကုန်တိုက်များနှင့် စူပါမားကက်များမှ စုစုပေါင်း ယွမ်ငွေ (၅၇၀) သန်းဖိုးရောင်းချခဲ့ရရာ ယခင်နှစ်ပိတ်ရက်ရှည်ကာလကထက် (၉.၁) ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရကြောင်း နန်နင်းကူးသန်းရောင်းဝယ်ရေးဗျူရိုက ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အရောင်းမြှင့်တင်ရေးအစီအစဉ်အမျိုးမျိုးအား ပြုလုပ်ခဲ့ကြသော ဈေးရောင်းစင်တာများ၊ အားလပ်ရက်အပန်းဖြေနှင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ကြသော နေရာများ တွင် လာရောက်လည်ပတ်ကြသူများဖြင့် ပြန်လည်စည်ကားခဲ့ပြီး ရောင်းအားမှာလည်း စံချိန်တင်မြင့်တက်လာနေပါသည်။ Mixc Shopping Mall ၊ Hangyang Shopping Mall၊ Anji Wanda Plazaနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် နေရာများသို့ လာရောက်လည်ပတ်သူဉီးရေမှာ ယခင်နှစ်ဉီးရေ၏ (၉၉.၁) ရာခိုင်နှုန်းအထိပင် ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရပါသည်။ တစ်ချိန်တည်းမှပင် ရောင်းချမှုတန်ဖိုးမှာ ယခင်နှစ်ကထက် (၁၅.၅) ရာခိုင်နှုန်းတိုးတက် လာပါသည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Nanning Evening News  (၁၀-၁၀-၂၀၂၀)

Category: China(Nanning)