India (Delhi)

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးမှုဆိုင်ရာ Digital Platform စတင်အသုံးပြုလျက်ရှိကြောင်း

Last Updated:

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးမှုဆိုင်ရာ Digital Platform စတင်အသုံးပြုလျက်ရှိကြောင်း

အိန္ဒိယနိုင်ငံအစိုးရ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် အိန္ဒိယ- အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အရ အိန္ဒိယနိုင်ငံမှ ထွက်ရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့ခြင်းအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ထုတ်ပေးခြင်းကို Common Digital Platform တစ်ရပ်ထားရှိလျက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် http://coo.dgft.gov.in သို့ ဝင်ရောက်ကြည့်ရှု၍ လျောက်ထားနိုင် ကြောင်း၊ ဤစနစ်ဖြင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးရာတွင် ၎င်းလက်မှတ်၏ စစ်မှန်မှုကို QR code စနစ်ဖြင့် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံမှတင်ပို့သည့် ကုန်စည်များအား မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများတွင် စစ်ဆေးဆောင်ရွက်ရာ၌ ယခုပြောင်းလဲ အသုံးပြုသည့်စနစ်နှင့် လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ အကောက် ခွန်ဉီးစီးဌာန အပါအဝင် သက်ဆိုင်သည့်ဌာနအဖွဲ့အစည်းများသို့ ဆက်လက်အသိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အရ ကုန်ပစ္စည်းများ တင်ပို့ ခြင်းအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ထုတ်ပေးခြင်းကို အိန္ဒိယနိုင်ငံ၌ Common Digital Platform တစ်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

Category: India (Delhi)