India (Delhi)

အိန္ဒိယနိုင်ငံတွင် လာမည့် ၈ နှစ်အတွင်း ပဲမျိုးစုံ ဈေးကွက်ဝယ်လိုအား တန်ချိန် ၆ သန်းခန့် ပိုမိုများပြားလာမည်ဟု ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၌ လော့ဆာဘလွှတ်တော်အစည်းအဝေးမှ မေးမြန်းမှုအပေါ် ၂၃-၃-၂၀၂၂ နေ့၌ စာဖြင့်ပေးပို့ပြန်ကြားရာတွင် အစိုးရမူဝါဒ ရေးရာကောင်စီ (NITI Aayog) ၏ လုပ်ငန်းအဖွဲ့က ပြုစုထားသော ၂၀၃၃ ခုနှစ်အထိ လယ်ယာနှင့် သားငါး ဝယ်လိုအားနှင့် ရောင်းလို အားခန့်မှန်းချက် အစီရင်ခံစာကို ကိုးကားလျက် ပြည်တွင်းပဲမျိုးစုံဈေးကွက်ဝယ်လိုအားသည် ၂၀၂၁-၂၂ ခုနှစ်တွင် တန်ချိန် ၂၆.၇၂ သန်းရှိရာမှ ၂၀၂၉-၃၀ ခုနှစ်၌ တန်ချိန် ၃၂.၆၄ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်းဖြင့် အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဒုတိယဝန်ကြီး Mr. Ashwini Kumar Choubey က ပြောကြားခဲ့ပါသည်။

အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၁-၂၂ စိုက်ပျိုးရေးနှစ်တွင် ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၂၆.၉၆ သန်းအထိ ထွက်ရှိနိုင်မည်ဟု ခန့် မှန်းထားရာ လက်ရှိကာလ၌ ထုတ်လုပ်မှုအပိုင်းမှ အနည်းငယ်ပိုမိုမည့်အခြေအနေရှိသော်လည်း ရှေ့လာမည့် ၈ နှစ်အတွင်း တိုးတက် လာမည့် ပဲမျိုးစုံဈေးကွက်ဝယ်လိုအား တန်ချိန် ၆ သန်းခန့်ကို ဖြည့်ဆည်းနိုင်ရေး အစိုးရက စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ သည်။

အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဦးစီး ဌာနသည် ဆန်စပါး၊ ဂျုံ၊ ပဲမျိုးစုံနှင့် နှံစားသီးနှံများထုတ်လုပ်မှု တိုးတက်ရေးအတွက် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအစီအမံကို ဗဟိုအစိုးရအဆင့်အစီအစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအစီအမံ၏ ပဲမျိုးစုံကဏ္ဍတွင် သတ် မှတ်ထားသည့် ခရိုင်အလိုက် စိုက်ဧရိယာတိုးချဲ့မှု၊ စိုက်ပျိုးမြေ၏ မြေဆီဩဇာတိုးတက်ကောင်းမွန်စေမှု၊ လေ့ကျင့်သင်တန်းပေးခြင်း နှင့် သရုပ်ပြသခြင်းများဖြင့် စိုက်ပျိုးရေးနည်းပညာများ လွှဲပြောင်းပေးမှု၊ အရည်အသွေးကောင်းမျိုးစေ့များနှင့် စိုက်ပျိုးရေချွေတာနိုင် မည့် လယ်ယာသုံးကိရိယာများအသုံးပြုရေး ဆွဲဆောင်မှု စသည့်လုပ်ငန်းများပါဝင်ကြောင်း၊ အစိုးရသည် သီးနှံမျိုးစုံ စိုက်ပျိုးထုတ် လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် တောင်သူလယ်သမားများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ၊ အမတော်ကြေးများ၊ သွင်းအားစုအထောက် အပံ့များ ပေးအပ်လျက်ရှိသည့်အပြင် လယ်ယာစိုက်ပျိုးရေး အခြေခံအဆောက်အအုံရန်ပုံငွေ၊ ကာလရှည် ဆည်မြောင်းရန်ပုံငွေ၊ အသေးစားဆည်ရေပေးဝေရေးရန်ပုံငွေ စသည်တို့ကိုထူထောင်လျက် လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယစိုက်ပျိုးရေးဌာန၏ စာရင်းများအရ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်အတွက် ပဲမျိုးစုံအထွက်နှုန်းမှာ လွန်ခဲ့သော ၅ နှစ်၏ ပျမ်းမျှ အထွက်နှုန်း ၁ ဟက်တာလျှင် ၈၂၀ ကီလိုဂရမ်ထက် ပိုမိုလျက် ၈၈၈ ကီလိုဂရမ်နှုန်းအထိ ရရှိရန် ခန့်မှန်းထားသည်။ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့အား ယခင် ၅ နှစ် ပျမ်းမျှအထွက်နှုန်းထက် ပိုမိုကောင်းမွန်မည်ဟု မျှော်မှန်းထားသော်လည်း ပဲစင်းငုံ သီးနှံကိုမူ စိုက်ပျိုးဧရိယာ ၁ ဟက်တာလျှင် ၅၀ ကီလိုဂရမ်ခန့်လျော့ကျလျက် ၈၂၅ ကီလိုဂရမ်/ ဟက်တာနှုန်းသာ ထွက်ရှိနိုင် ကြောင်း ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Demand for pulses is projected to increase from 26.72 million tonnes in 2021-22 to 32.64 million tonnes in 2029-30, 23-3-2022, Press Information Bureau of India

                   2. Second Advance Estimates of Production of Foodgrains, Oilseeds and other Commercial Crops for 2021-22, 16-2-2022, Directorate of Economics and Statistics, Department of Agriculture, Cooperation and Farmers Welfare of India

Category: India (Delhi)