India (Delhi)

အိန္ဒိယနိုင်ငံ၌ မတ်ပဲတင်သွင်းခွင့်ကာလ တိုးမြှင့်သတ်မှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ တန်ချိန် ၂.၅ သိန်း ထပ်မံတိုးမြှင့်တင်သွင်းခွင့်ပြုကြောင်း ၁၉.၁၂.၂၀၁၉ နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ၎င်းပဲများအား ၃၁.၃.၂၀၂၀ နေ့ နောက် ဆုံးထား၍ အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့အရောက် တင်သွင်းရန် ဖေါ်ပြခဲ့ပါသည်။

သို့ရာတွင် မတ်ပဲတန်ချိန် ၂ သိန်း ၅ သောင်းအား အဆိုပါ သတ်မှတ်ကာလအတွင်း အချိန်မီတင်သွင်းနိုင်ရန် ခက်ခဲသဖြင့် တင်သွင်းခွင့် သက်တမ်း တိုးမြှင့်ပေးရန် မေတ္တာရပ်ခံမှုများကို လွန်ခဲ့ သော ၂ လတာအတွင်း ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်၍ ယခုအခါ ၎င်းမတ်ပဲများတင်သွင်းခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၃.၃.၂၀၂၀ နေ့တွင် ကုန်သွယ်ရေးအသိပေးချက်အမှတ် ၅၄/၂၀၁၉-၂၀ ဖြင့်  ပြင်ဆင်သတ်မှတ်လိုက်ပါသည်။

ထပ်တိုးတင်သွင်းခွင့်ပြုသည့် မတ်ပဲများအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြင်ဆင်သတ်မှတ်သည့်နေ့ရက် အတွင်း အိန္ဒိယဆိပ်ကမ်းသို့ အ‌ရောက်တင်သွင်းကြရန်နှင့် နောက်ထပ်မည်သည့် သက်တမ်းတိုးတောင်းဆိုမှုကိုမျှ ထပ်မံလက်ခံဆောင်ရွက်မည် မဟုတ် ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Trade Notice No. 54/2019-20 of Directorate General of Foreign Trade, Ministry of Commerce and Industry of India, 3rd March 2020

Category: India (Delhi)