India (Delhi)

အိန္ဒိယနိုင်ငံ၌ မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား တိုးမြှင့်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် မတ်ပဲနှင့် ပဲစင်းငုံတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ် စွာ (Free) တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် တင်ပို့ရာဒေသ၌ Bill of Lading ထုတ်ပေးခြင်းကို ၃၁-၃-၂၀၂၁ နေ့အထိလည်းကောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည်များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို ၃၀-၆-၂၀၂၂ နေ့ နောက်ဆုံးထား၍လည်းကောင်း တင်သွင်းခွင့်ပြုခဲ့ပါသည်။

ယခုအခါ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှုမူဝါဒအရ အခွင့်အာဏာအပ်နှင်းထားရှိမှု ကို ကျင့်သုံးလျက် မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာ တင်သွင်းခွင့်အား ၃၁-၃-၂၀၂၃ နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် ၆၃/ ၂၀၁၅-၂၀၂၀ ကို ၂၉-၃-၂၀၂၂ နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Notification No.63/ 2015-2020 dated 29th March 2022 of the Ministry of Commerce and Industry of India

Category: India (Delhi)